Main menu

Background

၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတကာ ကုန်တင်သင်္ဘောအစင်းရေ ၈၀ အထိတိုးပြီး ကုန်သွယ်နိုင်ခဲ့

Tue, 01/24/2023 - 10:43 -- journal_editor

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ နိုင်ငံတကာ ကုန်တင်သင်္ဘောအစင်းရေ ၈၀ အထိ တိုးပြီး ကုန်သွယ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှ သိရသည်။

ယင်းသို့ နိုင်ငံတကာ ကုန်တင်သင်္ဘောအစင်းရေတိုးပြီး ကုန်သွယ်လာနိုင်သည့်အတွက် ယခု ၂၀၂၃ ခုနှစ်တွင်လည်း ပင်လယ်ရေကြောင်းမှနေ၍ နိုင်ငံတကာသင်္ဘောကြီးများ၏ ကုန်သွယ်မှုမှာ ပိုမိုတိုးတက်လာနိုင်ချေရှိသည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

၂၀၂၂ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘောအစင်းရေ ၁၂၉၃ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ခြင်းဖြစ်ပြီး ပို့ကုန်၊ သွင်းကုန် ကုန်သေတ္တာအလုံးရေ ၇ ဒသမ ၇ သိန်းကျော် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘော ၁၂၁၃ စင်းသာ ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီး ပို့ကုန်၊ သွင်းကုန် ကုန်သေတ္တာအလုံးရေ ၆ ဒသမ ၉ သိန်းအထိသာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ အလျား မီတာ ၂၀ဝ၊ တန်ချိန် ၃၀ဝ၀ ရှိသည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘော ဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား ၂၇ စင်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများမှလည်း အလျာ းမီတာ ၂၅၀၊ တန်ချိန် ၃၅၀ဝ ရှိသည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘော ဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား ၁၉ စင်းတို့ဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် နိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်ကဏ္ဍ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အဓိကကျသည့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှနေ၍ တစ်နှစ်ထက်တစ်နှစ် ကုန်သွယ်မှု ပိုမိုတိုးတက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                                                        

ပန်းဆု