Main menu

Background

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ် နောက်ဆက်တွဲ အစည်းအဝေးကျင်းပ

Mon, 01/30/2023 - 15:58 -- journal_editor

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်း စစ်ခြင်းလုပ်ငန်းစဉ်၏ နောက်ဆက်တွဲ အစည်းအဝေး(2nd TPR Follow Up Meeting) ကို ဇန်နဝါရီ ၂၄ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ် ခဲ့သည်။  အဆိုပါအစည်းအဝေးသို့  ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  ဦးဆောင်၍  ကုန်သွယ်မှုဆိုင်ရာ ဆက်စပ်ဌာန/အဖွဲ့အစည်း ၂၇ ခုမှ  ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ အပါအဝင် ကိုယ်စားလှယ် ၅၀ ဦး တက် ရောက်ခဲ့ကြသည်။ 
အစည်းအဝေးတွင် တက်ရောက်လာသည့် ကိုယ်စား လှယ်များက သက်ဆိုင်ရာနယ်ပယ်အလိုက် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်၍ အပြီးသတ်အစီရင်ခံပြီးနောက် ကုန်သွယ်မှုဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့ပြင် ရှေ့ဆက်ဆောင်ရွက်ရမည့်  လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။ 
ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးမြင့်သူရက ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်ပြီး နောက်ပိုင်း ကုန်သွယ်မှုနှင့်ဆက်စပ်သည့် နယ်ပယ်၊ ကဏ္ဍအသီးသီးမှာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို တက်ကြွစွာ ရှင်းလင်းဆွေးနွေးပေးသည့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များကို ကျေးဇူးတင်ရှိကြောင်း၊ ယခုဆွေးနွေး ပြောကြားချက်များသည် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် များစွာအထောက်အကူပြုကြောင်း၊ ကုန်သွယ် မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ နောက်ဆက်တွဲလုပ်ငန်း များသည်  ရေရှည်ဆောင်ရွက်ရမည့်  လုပ်ငန်းများဖြစ်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်းဖြင့် နိဂုံးချုပ် ဆွေးနွေးပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်း ဆောင်ရွက်ပြီးစီး ခဲ့သည့် ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်ပြီးနောက် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အကြံပြုချက်များအပေါ် လိုက်ပါဆောင်ရွက်ထားရှိမှု အခြေ အနေများအား ဆန်းစစ်နိုင်ရန် ရည်ရွယ်၍ အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။                                

DOT(WTO)