
ဇန်နဝါရီ ၁၂ ရက်မှ ၂၅ ရက် နှစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီ များ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၁၆၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ ၄၂၇၉၆ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၁၆၃ ဒသမ ၁၂ သန်း ရှိခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI) က အစုရှယ်ယာ ၃၂၁၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၇ ဒသမ ၆၉ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစုရှယ် ယာ ၁၁၈၀ဝ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၈ ဒသမ ၆၇ သန်း ရရှိခဲ့ကြောင်း သိရ သည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၆၆၄၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၉ ဒသမ ၈၇ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၁၇၂၄၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၁ ဒသမ ၃၄ သန်း ရရှိ ခဲ့သည်။
ထို့အတူ TMH Telecom Public (TMH) က အစုရှယ်ယာ ၆၁၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၆၀ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၉၁၃ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂ ဒသမ ၃၉ သန်း၊ Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၂၃၅၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးကျပ် ၁၁ ဒသမ ၅၆ သန်း စသည်ဖြင့် အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
ပန်းဆု