Main menu

Background

Boeing က ရုံးဝန်ထမ်း ၂၀ဝ၀ ခန့် အလုပ်လျှော့ချမည်

Mon, 02/13/2023 - 10:31 -- journal_editor

Boeing လေကြောင်းကုမ္ပဏီသည်  ရုံးပိုင်းဆိုင်ရာတွင် အလုပ် လုပ်ကိုင်နေသည့် ဝန်ထမ်းပေါင်း ၂၀ဝ၀ ခန့်ကို ယခုနှစ်အတွင်း လျှော့ချ သွားရန် စီစဉ်ထားကြောင်း သိရသည်။
Boeing လေကြောင်းကုမ္ပဏီအနေဖြင့် ထိုကဲ့သို့ လုပ်သားအင်အား လျှော့ချရန် စီစဉ်ရခြင်းမှာ ကျဆင်းလာသည့် စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ကုစားရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် Boeing လေကြောင်းလိုင်းအနေဖြင့် ခရီးသွားပြည်သူများ၏ ဘေးကင်းလုံခြုံရေး နှင့် အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးကို အလေးပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်ဟု ဘီဘီစီသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ထိုကဲ့သို့ Boeing လေကြောင်းကုမ္ပဏီအနေဖြင့် ဝန်ထမ်းများကို လျှော့ချသွားရန် စီစဉ်ထားသော်လည်း အင်ဂျင်နီယာပိုင်းနှင့် ထုတ်လုပ်မှုပိုင်းတွင် အရေအတွက်တိုးပြီး ထပ်မံခန့်အပ်သွားရန်ရှိကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
Source; BBC

စိုင်းဗညား - စုစည်းသည်