Main menu

Background

ကုန်သွယ်မှုအတွက် ယုံကြည်မှုတည်ဆောက်ပေးမည့် အရည်အသွေး အခြေခံအဆောက်အအုံစနစ် (၄)

Tue, 02/21/2023 - 12:37 -- journal_editor

(ယခင်တစ်ပတ်မှအဆက်)

အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာန

အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနအောက်တွင် စံချိန်စံညွှန်းရေးဆွဲရေးဌာနခွဲ၊   အသိအမှတ်ပြုဌာနခွဲနှင့် တိကျစွာ တိုင်းတာခြင်း နည်းပညာဌာနခွဲဟူသည့် ဌာနခွဲသုံးခုဖြင့် သက်ဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

စံချိန်စံညွှန်း ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲသည် ပြည်သူတစ်ရပ်လုံး ၏ စီးပွားရေးနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ် လျက်ရှိသော မြန်မာစံချိန်စံညွှန်း  ချမှတ်နိုင်ရန်၊  ယင်းမြန်မာစံချိန် စံညွှန်းများအား  ထိန်းသိမ်းရန်နှင့် အဆိုပါ  စံချိန်စံညွှန်းများအား ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့်  လုပ်ငန်းစဉ်များ အားလုံး တွင်  အသုံးပြုမှုတိုးမြင့်တင်ရန်တို့အတွက်  တာဝန်ယူ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်  စံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲအနေဖြင့်  စက်မှုလုပ်ငန်းကဏ္ဍနှင့်  အခြားအသင်းအဖွဲ့များသို့  စံချိန်စံညွှန်း ဆိုင်ရာ အသိပညာပေးသင်တန်းများပေးခြင်း၊ စံချိန်စံညွှန်း သတ် မှတ်ခြင်းဆိုင်ရာ နယ်ပယ်တွင် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ကြီး၏ ကုန်သွယ်မှုဆိုင်ရာ နည်းပညာအတားအဆီးများနှင့် သက်ဆိုင်သော အမျိုးသားအဆင့် စုံစမ်းရေးဌာနအနေဖြင့် ဆောင် ရွက်ခြင်းနှင့် မြန်မာစံချိန်စံညွှန်းများ စဉ်ဆက်မပြတ် ဖော်ထုတ်နိုင် ရေးအတွက်  အချက်အလက်များ  စုဆောင်းခြင်းနှင့်  သုတေသန လုပ်ငန်းများပြုလုပ်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိသည်။

စံချိန်စံညွှန်း ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲသည် မြန်မာစံချိန်စံညွှန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသား စံချိန်စံညွှန်းကောင်စီမှ ဖွဲ့စည်းထားသော စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ ၂၅ ခုနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိ သည်။ စံချိန်စံညွှန်း ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲရှိ စံချိန်စံညွှန်း စာကြည့် တိုက်တွင် အရည်အသွေးစီမံခန့်ခွဲမှုစနစ်(Quality Management System)၊  အရည်အသွေးကိုက်ညီမှု   စစ်ဆေးခြင်း (Conformity assessment)  နှင့် အရည်အသွေး အခြေခံအဆောက်အအုံနှင့် သက် ဆိုင်သော စာအုပ်အမျိုးမျိုးအား လေ့လာဖတ်ရှု ကိုးကားနိုင်ကြောင်း၊ အဆိုပါစာကြည့်တိုက်တွင်ISO, IEC ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၊ ASTM standards? British standards၊ India standards၊ DIN standards၊  Russian standards၊ ISO Focus နှင့်  အခြားစံချိန်စံညွှန်းဆိုင်ရာNewsletters  နှင့်Standards Catalogues  များရရှိနိုင်ကြောင်း၊ လေ့လာလိုသူများအနေဖြင့်  ရုံးချိန်အတွင်း စာကြည့်တိုက်သို့ လာရောက်ဖတ်ရှုနိုင်ကြောင်း သိရှိရသည်။

အသိအမှတ်ပြုဌာနခွဲ (မြန်မာအသိအမှတ်ပြုအဖွဲ့)သည် မြန်မာနိုင်ငံတွင် အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးအဖွဲ့များအား အသိအမှတ်ပြုရန်အတွက် တာဝန်ရှိသောဌာနဖြစ်ပြီး အပြည်ပြည်ဆိုင်ရာက သတ်မှတ်ထားသည့် အသိအမှတ်ပြုအဖွဲ့များ လိုက်နာရန် လိုအပ်သော စံချိန်စံညွှန်းISO/IEC 17011  နှင့်အညီ အသိအမှတ် ပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အသိအမှတ်ပြုဌာနခွဲသည် အပြည်ပြည်ဆိုင်ရာ အသိအမှတ် ပြု စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်UNIDO ကျွမ်းကျင်ပညာရှင်၏ အကူအညီ ဖြင့် လမ်းပြမြေပုံရေးဆွဲပြီး လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင် မှုအဖြစ်UNIDO  နှင့် PTB (Germany)  တို့မှ အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးဆိုင်ရာ  သင်တန်းများဖြစ်သော  ISO/IEC17011, ISO/IEC17025, ISO/IEC17020, ISO/IEC 17065  နှင့် ဦးဆောင် အကဲ ဖြတ်စစ်ဆေးသူ (Lead Assessor) သင်တန်းများကို ပို့ချခဲ့ကြောင်း သိရှိရသည်။

အသိအမှတ်ပြုဌာနခွဲကို အပြည်ပြည်ဆိုင်ရာမှ အသိအမှတ် ပြုသည့်အဖွဲ့  ဖြစ်လာစေရေးအတွက် အသိအမှတ်ပြုလုပ်ငန်းများကို ပူးတွဲအကဲဖြတ် စစ်ဆေးနိုင်ရန် မိတ်ဖက်အသိအမှတ်ပြုအဖွဲ့အဖြစ် ရွေးချယ်ထားသောSingapore Accreditation Council (SAC)နှင့် ၂၀၁၇ ခုနှစ် ဇွန် ၈ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သော (၆) ကြိမ်မြောက်Joint Ministerial Working Committee  တွင် နားလည် မှုစာချွန်လွှာ  ရေးထိုးခဲ့သည်။  အဆိုပါ နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် မြန်မာနိုင်ငံရှိ အရည်အသွေးကိုက်ညီမှု  စစ်ဆေးသော အဖွဲ့များအား စင်ကာပူ အသိအမှတ်ပြုကောင်စီသည် အသိအမှတ်ပြုဌာနခွဲနှင့် ပူးတွဲဆောင် ရွက်မည့် အသိအမှတ်ပြုလုပ်ငန်းများအား သိရှိနိုင်စေရန်အတွက် Knowledge sharing session on Accreditation for Conformity Assessment Bodies in Myanmar  အစည်းအဝေးပွဲကို လည်းကောင်း၊ISO/IEC17025, ISO 15189, ISO/IEC 17020 and Assessor  Training များကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီးနောက် ရှေ့ဆက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို  ဆွေးနွေးခဲ့ကြသည်။

၂၀၁၈ ခုနှစ် သြဂုတ်လတွင် စင်ကာပူအသိအမှတ်ပြု ကောင်စီ နှင့် မြန်မာအသိအမှတ်ပြု အဖွဲ့တို့သည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အဏုဇီဝဓာတ်ခွဲခန်းအား  ပူးတွဲအကဲဖြတ်စစ်ဆေးခြင်းကို စတင် ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင်  စင်ကာပူ အသိအမှတ်ပြုကောင်စီ နှင့် မြန်မာအသိ အမှတ်ပြုအဖွဲ့တို့သည် စင်ကာပူ  အသိအမှတ်ပြု ကောင်စီ၏ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းနှစ်ခုအား  အကဲဖြတ် စစ်ဆေးခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။

မြန်မာအသိအမှတ်ပြုအဖွဲ့၏ ဓာတ်ခွဲခန်းအသိအမှတ်ပြု ဌာန  ခွဲမှ စမ်းသပ်စစ်ဆေးခြင်းနှင့် စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်းဆိုင်ရာအသိအမှတ်ပြုခြင်းကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါဌာနခွဲမှ ဓာတ်ခွဲခန်းများအားISO/IEC 17025 ဆိုင်ရာ လိုအပ်ချက်များနှင့် အခြားဆက်နွှယ်သည့်  လိုအပ်ချက်များပေါ်တွင် အခြေခံ၍ အကဲ ဖြတ်စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။ ဓာတ်ခွဲခန်း အသိ အမှတ်ပြုဌာနခွဲသည် စမ်းသပ်စစ်ဆေးခြင်းနှင့် စံဖြင့် တိုက်ကြည့် စစ်ဆေးခြင်းဆိုင်ရာ အသိအမှတ်ပြုခြင်းကို စမ်းသပ်စစ်ဆေးခြင်းနှင့် စံဖြင့်   တိုက်ကြည့်စစ်ဆေးခြင်း  နယ်ပယ်တစ်ခု၏  သက်ဆိုင်ရာ နည်းပညာလိုအပ်ချက်များနှင့်ISO/IEC 17025  လိုအပ်ချက်များ ပေါ်တွင် အခြေခံ၍  အဆိုပါဓာတ်ခွဲခန်းများ၏  နည်းပညာဆိုင်ရာ စွမ်းဆောင်ရည် ပြည့်ဝကျွမ်းကျင်မှုကို  ဆုံးဖြတ်ပေးနိုင်ရန်အတွက် Accreditation Scheme ကို ချမှတ်ထားသည်။ အသိအမှတ်ပြုခြင်း အတွက် စုံစမ်းလိုပါက မြန်မာအသိအမှတ်ပြုအဖွဲ့၏ email- accreditationdiv@gmail.com  သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

တိကျစွာတိုင်းတာခြင်း နည်းပညာဌာန (တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ-မြန်မာ) မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် အတိုင်း အတာ စံများကို ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက် ပြီး အစိုးရအဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းများရှိ တိုင်းတာ ကိရိယာ များ၏ အတိုင်းအတာဆိုင်ရာ မှန်ကန်တိကျမှုကို ဝန်ဆောင်မှုပေးခြင်း များကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင်တစ်နိုင်ငံလုံး အတိုင်း အတာ စံယူနစ်များ  တစ်ပြေးညီဖြစ်စေရေး၊   အမျိုးသားအဆင့် အတိုင်းအတာစံများ၊ အပြည်ပြည်ဆိုင်ရာ အတိုင်းအတာယူနစ် စနစ် များနှင့် စံဖြင့် တိုက်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် လည်း အထောက်အကူပြုပေးလျက်ရှိသည်။ တိကျစွာ တိုင်းတာခြင်း နည်းပညာဌာနတွင် သိပ္ပံနည်းကျ တိကျစွာတိုင်းတာခြင်း နည်းပညာ ဌာန၊ ဥပဒေအရ တိကျစွာတိုင်းတာခြင်း နည်းပညာဌာန၊ စက်မှုလုပ် ငန်းဆိုင်ရာ တိကျစွာ တိုင်းတာခြင်းနည်းပညာဌာနဟူ၍ ဖွဲ့စည်း ထားသည်။

သိပ္ပံနည်းကျ တိကျစွာတိုင်းတာခြင်း နည်းပညာသည် အမျိုး သားအဆင့် တိုင်းတာခြင်းဆိုင်ရာ  ယူနစ်စနစ်များ သတ်မှတ်ခြင်း၊ အစိုးရအဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းများရှိ အတိုင်းအတာ ဆိုင်ရာ ဓာတ်ခွဲခန်းများ၏ တိုင်းတာကိရိယာများကို စံဖြင့် တိုက်ကြည့်စစ်ဆေး ခြင်းဝန်ဆောင်မှုကို ဆောင်ရွက်ပေးခြင်း၊ တိုင်းတာမှုလုပ်ငန်းများ တွင် အပြည်ပြည်ဆိုင်ရာ ယူနစ်စနစ်(SI)  နှင့် ကွင်းဆက်မပြတ် တိုက် ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးသည်။ လက်ရှိဌာနအနေဖြင့် အလေးချိန်တိုင်းတာခြင်း၊ အပူချိန်တိုင်းတာ ခြင်း၊ လျှပ်စစ်ဆိုင်ရာတိုင်းတာခြင်း၊ အလျားတိုင်းတာခြင်း၊ ဖိအား တိုင်းတာခြင်း၊  ထုထည်တိုင်းတာခြင်းတို့အား စံဖြင့် တိုက်ကြည့် စစ်ဆေးခြင်း ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိသည်။ ဌာနရှိ တိုင်းတာခြင်းဆိုင်ရာ ဓာတ်ခွဲခန်းများကို အပြည်ပြည်ဆိုင်ရာ အသိ အမှတ်ပြု ဓာတ်ခွဲခန်းများဖြစ်စေရန် အဆင့်မြှင့်တင်ခြင်းများ ဆောင် ရွက်လျက်ရှိသည်။

စက်မှုလုပ်ငန်းဆိုင်ရာ တိကျစွာတိုင်းတာခြင်း နည်းပညာဌာန သည် စက်မှုလုပ်ငန်းများရှိ စက်ရုံ၊ အလုပ်ရုံများနှင့် အခြားသော  တိုင်းတာခြင်းဆိုင်ရာ အဖွဲ့အစည်းများရှိ တိုင်းတာကိရိယာများကို အမျိုးသားအဆင့် အတိုင်းအတာစံများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ စံဖြင့် တိုက်ကြည့် စစ်ဆေးခြင်းများကို ဝန်ဆောင်မှုပေးလျက်ရှိပါ သည်။ ထိုသို့ဆောင်ရွက်ရာတွင် တိကျစွာ တိုင်းတာခြင်း နည်းပညာ ဌာနအနေဖြင့် အလေးချိန်ဆိုင်ရာ တိုင်းတာကိရိယာများ၊ ကြိုတင် ထုတ်ပိုးကုန်ပစ္စည်းများကို ထိန်းချုပ်ရေးအတွက် တိုင်းတာကိရိယာ များကို တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်ချက်များကို  ဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်လျက်ရှိသည်။

ဥပဒေအရ  တိကျစွာတိုင်းတာခြင်း  နည်းပညာ၏ အဓိက ဆောင်ရွက်ချက်မှာ ကုန်သွယ်မှုနှင့် ဆက်စပ်လျက်ရှိသော တိုင်းတာ ကိရိယာများကို မှန်ကန်တိကျစေရန် စစ်ဆေးခြင်းဖြစ်သည်။ အဆိုပါ ဆောင်ရွက်ချက်များအတွက်  လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများ ကို စမ်းသပ်စစ်ဆေးခြင်း၊ ဈေးကွက်အတွက် အသုံးပြုလျက်ရှိသည့် တိုင်းတာကိရိယာများကို စစ်ဆေးခြင်း၊ လောင်စာဆီ ဖြန့်ဖြူးရောင်းချ သည့် ကိရိယာများကို စစ်ဆေးခြင်း၊အိမ်သုံးနှင့် လုပ်ငန်းသုံး ရေမီတာ များကို စစ်ဆေးခြင်း၊ ဈေးကွက်အတွင်းရှိ ကြိုတင်ထုပ်ပိုး ကုန်ပစ္စည်း များ၏ အတိုင်းအတာဆိုင်ရာများကို စစ်ဆေးခြင်းများ စသည်တို့ကို ဆောင်ရွက်သည်။

မြန်မာနိုင်ငံတွင် တိကျစွာတိုင်းတာခြင်း နည်းပညာဥပဒေကို ပြဋ္ဌာန်းပြီးနောက် ဥပဒေအရ  တိကျစွာ တိုင်းတာခြင်း နည်းပညာ အတွက် တိုက်ဆိုင်စစ်ဆေးသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ်ရန် လိုအပ်သော တိုင်းတာကိရိယာများကို တိုက်ဆိုင်စစ် ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး  အသိအမှတ်ပြုသည့် လုပ်ငန်းစဉ်များကိုလည်း   ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ ထိုသို့ ဆောင်ရွက်သွားခြင်းဖြင့် စားသုံးသူကာကွယ်ရေး၊ အတိုင်းအတာဆိုင်ရာ ထုတ်ကုန်များနှင့် ကြိုတင်ထုပ်ပိုးကုန် ပစ္စည်း များထုတ်လုပ်ခြင်း လုပ်ငန်းများတွင် မျှတသောကုန်သွယ်မှုကို ဖြစ် ပေါ်စေရေးတို့ကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

တိကျစွာတိုင်းတာခြင်း နည်းပညာဌာနသည် အပြည်ပြည်ဆိုင် ရာ အကူအညီပေးရေး အဖွဲ့အစည်းများဖြစ်သည့်UNIDO၊PTB၊GIZ၊ USAID  နှင့်JICA စသည့်  အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ခေတ်မီသော တိကျစွာတိုင်းတာခြင်း  နည်းပညာဆိုင်ရာ အခြေခံ အဆောက်အအုံကို ခိုင်မာစေရန် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အာဆီယံ  စံချိန်စံညွှန်းနှင့်   အရည်အသွေးဆိုင်ရာ အတိုင်ပင်ခံ ကော်မတီအောက်ရှိ  ဥပဒေအရတိကျစွာ တိုင်းတာခြင်းနည်းပညာ လုပ်ငန်းအဖွဲ့ (ACCSQ -WG3)  တာဝန်ခံဌာနအဖြစ်လည်း ဆောင် ရွက်လျက်ရှိသည်။  ဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ တိကျစွာ တိုင်းတာခြင်း နည်းပညာဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း အဖွဲ့ ဝင်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အချုပ်အားဖြင့်ဆိုရပါက နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုန်သွယ်မှုသည် အရေးအကြီးဆုံးကဏ္ဍတစ်ရပ် ဖြစ်ပါ သည်။ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အရည်အသွေးအဆောက် အအုံစနစ်က များစွာအထောက်အကူဖြစ်စေမည် ဖြစ်သည်။မိမိနိုင်ငံ ၏ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးကို မြှင့်တင် ရန်နှင့် ကမ္ဘာ့ကုန်သွယ်မှုလမ်းကြောင်းတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အရည်အသွေး အဆောက်အအုံစနစ်က အထောက်အပံ့ဖြစ်စေရုံမက အရည်အသွေးမမီသည့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ တင်သွင်းမှု ကိုတားဆီးနိုင်ရန် အရည်အသွေး အဆောက်အအုံစနစ်ကို အသုံးချ ရမည်ဖြစ်သည်။  သို့ဖြစ်ပါ၍ အရည်အသွေး  အဆောက်အအုံစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Stakeholder များဖြစ်ကြသော အစိုးရ ဌာနဆိုင်ရာများ၊  လုပ်ငန်းရှင်  အသင်းအဖွဲ့များ၊ အရည်အသွေး အဆောက်အအုံဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများက လက်တွဲ ညီညီ  ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

ကိုးကား -United Nations Industrial Development Organization ( UNIDO)၊ National Standards and Quality Department Myanmar

ဝေဖြိုးထက်(စားသုံး-စစ်ကိုင်း)