Main menu

Background

ငွေကြေး ကမောက်ကမဖြစ်အောင် လှုံ့ဆော်လျှင် တိုင်ကြားနိုင်

Tue, 02/21/2023 - 15:43 -- journal_editor

ငွေကြေးဈေးကွက်အတွင်း ဈေးကမောက်ကမဖြစ်အောင် လှုံ့ဆော်သူများကို သိရှိပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အသိပေးတိုင်ကြားနိုင်ကြောင်း ယင်းဘဏ်မှ သိရသည်။

လက်ရှိတွင် ဗဟိုဘဏ်အနေဖြင့် ငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများကို လိုင်စင်ထုတ်ပေးရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များကို ပေးပို့ထားပြီးဖြစ်သည်ဟု ဆိုသည်။

သို့ဖြစ်၍ ငွေလွှဲကောင်တာများအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်မှုမရှိစေရန် လှုံ့ဆော်သူများကို သိရှိပါက သတင်းအချက်အလက်နှင့်တကွ ပေးပို့အကြောင်းကြားနိုင်ကြောင်း သိရသည်။

ထို့ပြင် ငွေလွှဲလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများအနေဖြင့်လည်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် နေ့စဉ်စာရင်းများဖြင့် ဘဏ္ဍာရေးနှစ်ချုပ် အစီရင်ခံစာများကို မပျက် မကွက် ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။                                                          

ပန်းဆု