Main menu

Background

နှစ်ပတ်အတွင်း စတော့ရှယ်ယာတန်ဖိုး ကျပ်သန်း ၁၈၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Tue, 02/21/2023 - 15:47 -- journal_editor

 ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၈ ရက်အထိ နှစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ တန်ဖိုး အားဖြင့် ကျပ်သန်းပေါင်း ၁၈၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရ သည်။

အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ ၅၅၅၉၉ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၁၈၃ ဒသမ ၆၈ သန်း ရှိခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့်First Myanmar Investment (FMI) က အစုရှယ်ယာ ၅၁၆၈ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး  ကျပ် ၄၄ ဒသမ ဝ၇၀ သန်း၊Myanmar Thilawa SEZ Holidings Public (MTSH)  က အစု ရှယ်ယာ ၇၂၉၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၃ ဒသမ ၈၈ သန်း ရရှိခဲ့ကြောင်း သိရသည်။

အလားတူ  မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၃၃၃၃ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၅ ဒသမ ၃၀ သန်း၊ ပထမ ပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၃၆၀၈၀ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇၄ ဒသမ ၉၅ သန်း ရရှိခဲ့ သည်။

ထို့အတူ TMH  Telecom Public (TMH) က အစုရှယ်ယာ ၂၉၆ ရောင်းချနိုင် ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ၇၅ သန်း၊ Ever Flow River Group Public (EFR)  က အစုရှယ်ယာ ၉၄၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂ ဒသမ ၅၆ သန်း၊ Amata Holding Public Co.,Ltd. (AMATA)  က အစုရှယ်ယာ ၂၄၈၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၂ ဒသမ ၁၇ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ပန်းဆု