Main menu

Background

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ်-၆ သင်တန်းဆင်းပွဲ ကျင်းပ

Wed, 03/01/2023 - 14:13 -- journal_editor

ဖေဖော်ဝါရီ ၂၅ ရက်    နံနက် ၉ နာရီတွင် စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)  ပဉ္စမထပ်အစည်းအဝေးခန်းမ၌ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်(၆) သင်တန်းဆင်းပွဲ နှင့် သင်တန်းဆင်းအောင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနား ကျင်းပခဲ့သည်။ သင်တန်းဆင်းပွဲသို့ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာ စကား ပြောကြားခဲ့သည်။ ၎င်းက နိုင်ငံတကာစီးပွားရေးဈေးကွက် တွင် ယှဉ်ပြိုင်ထိုးဖောက်နိုင်မည့် ပို့ကုန်လုပ်ငန်းရှင်သစ်များနှင့် စီးပွားရေးနှင့်  ကုန်သွယ်ရေးလုပ်ငန်းရှင်များ မွေးထုတ်ရန်၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်၊ ကုန်သွယ်ရေးကဏ္ဍ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ကုန်သွယ်မှုသင်တန်းကျောင်းကို ၂၀၁၂ ခုနှစ် ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ကုန်သွယ်မှုသင်တန်းကျောင်း အနေဖြင့် ပုဂ္ဂလိကပိုင်ကဏ္ဍ၏ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီအဖွဲ့အစည်း များမှ ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင် စားသူများအား အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း များနှင့်  အဆင့်မြင့်သင်တန်းများဖြင့် နိုင်ငံတကာ ကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ သီအိုရီ သဘော တရားများ၊ လက်တွေ့လုပ်ငန်းများ၊ အလေ့အထ အတွေ့အကြုံများ ကို အသေးစိတ် သင်ကြားပို့ချပေးနေကြောင်း၊ ယခုအချိန်သည် မြန်မာနိုင်ငံ၏ Global supply chain Trade ဖြစ်လာသည့်အတွက် ကုန်သွယ်မှုကဏ္ဍ   ဖွံ့ဖြိုးဖို့ အခွင့်အရေးများ အထူးရှိနေပြီဖြစ် ကြောင်း၊ SME လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်မှုစွမ်းအား မြှင့်တင် နိုင်အောင်  ပိုမိုလေ့လာ၊ ပိုမိုပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကာ ပို့ကုန် ပိုမိုတင်ပို့နိုင်အောင်  ကြိုးစားရမည့် အချိန်အခါဖြစ်သည့် အတွက်  လိုအပ်သည့်  ပံ့ပိုးမှုများကို  မိမိတို့ဝန်ကြီးဌာနအနေဖြင့် အစွမ်းကုန် ဖြည့်စွမ်းပေးသွားရမည်ဖြစ်သလို ကုန်သွယ်မှုနှင့်ဆိုင် သည့်  အခြားဝန်ကြီးဌာနများနှင့်လည်း  ဆက်စပ်ပူးပေါင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
ထို့နောက် ဒုတိယဝန်ကြီးက ထူးချွန်သူများအား ဆုချီးမြှင့် ခြင်းနှင့်  သင်တန်းဆင်းအောင်လက်မှတ်များ  အပ်နှင်းခဲ့သည်။ အပြည်ပြည်ဆိုင်ရာ သင်တန်းအမှတ်စဉ် (၆) သို့ သင်တန်းသား၊ သင်တန်းသူ ၇၅ ဦး တက်‌ရောက်ခဲ့ပြီး ကုန်သွယ်မှုဆိုင်ရာသင်တန်း ပို့ချချက်များနှင့် လက်တွေ့ကုန်သွယ်မှုဗဟုသုတများ ရရှိစေရန် အတွက် Yangon Stock Exchange  ၊ မြန်မာသီလဝါ SEZ ၊ Myanmar International Terminals Thilawa (MITT) ၊ ဝါးတန်း ကုန်စည်ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် လှိုင်သာယာစက်မှုဇုန် များသို့ လေ့လာရေးခရီးများ စီစဉ်ပေးခဲ့‌ကြောင်းသိရသည်။ 
သင်တန်းသို့ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်နှင့်  အသင်းအဖွဲ့များမှ  တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း(စနေ၊ တနင်္ဂနွေ) အမှတ်စဉ်(၆) သင်တန်းနည်းပြများ အပါအဝင် စုစုပေါင်း ၈၀ တက်ရောက်ခဲ့သည်။

 

CJ