Main menu

Background

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံယူနန်ပြည်နယ်တို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Wed, 03/01/2023 - 14:28 -- journal_editor

မြန်မာနိုင်ငံနှင့်  တရုတ်နိုင်ငံ  ယူနန်ပြည်နယ်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် ယူနန်ပြည်နယ် ကူးသန်းရောင်း ဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်တို့  ဦးဆောင်၍ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉နာရီ ခွဲတွင် ရုံးအမှတ်(၃) နေပြည်တော်၌ ကျင်းပခဲ့သည်။ အစည်းအဝေးကို  မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ  ယူနန် ပြည်နယ်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး အစည်း  အဝေးသို့ မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဆောင်၍ သက်ဆိုင်ရာ  ညွှန်ကြားရေးမှူးများနှင့် ဘာသာရပ်တာဝန်ခံများ  တက်ရောက်ပြီး  တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Li Chenyang  ဦးဆောင်၍ ကိုယ်စားလှယ် ၁၉ ဦးတို့ တက် ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များ ဖွင့်လှစ်နိုင်ရေးနှင့် မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ကုန်စည် စီးဆင်းမှု  လျင်မြန်ချောမွေ့စေရေးကိစ္စများ၊ ဘဏ္ဍာရေးဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုကိစ္စများနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကဏ္ဍများတွင် နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ကိစ္စတို့အား ဆွေးနွေးခဲ့ကြပြီး  အစည်းအဝေးကို  မွန်းတည့် ၁၂ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 

MOC(IR)