Main menu

Background

ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) က ချီးမြှင့်မည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဆုတံဆိပ်ကို ကမ္ဘာတစ်ဝန်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ လျှောက်ထားနိုင်

Wed, 03/01/2023 - 14:31 -- journal_editor

ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့  World Intellectual Property Organization-WIPO)  က ချီးမြှင့်မည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံး ဆိုင်ရာ ဆုတံဆိပ်အတွက် လျှောက်ထားမှုများအား လက်ခံ သွားမည်ဖြစ်ကြောင်း အဖွဲ့ဝင်နိုင်ငံများထံသို့ အကြောင်းကြား ထားကြောင်း သိရှိရသည်။
အဆိုပါ ဆုတံဆိပ်အတွက် ရွေးချယ်ရန် ယှဉ်ပြိုင်မှုများ အား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိ   လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် နည်းပညာ၊ စိုက်ပျိုးရေး၊ တီထွင်ဖန်တီးထားသော စက်မှုလုပ် ငန်းများ စသည့် စီးပွားရေးကဏ္ဍအားလုံးတွင် တကြွ်ကစွာ ပါဝင်ဆောင်ရွက်နေသည့် ကမ္ဘာတစ်ဝန်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SMEs)များ လျှောက်ထား နိုင်မည်ဖြစ်သည်။ လျှောက်ထားသူများအနေဖြင့် ကုန်အမှတ် တံဆိပ်များ၊  တီထွင်မှုများနှင့် ဒေသဆိုင်ရာ  အညွှန်းတို့နှင့် သက်ဆိုင်သည့် မူပိုင်ခွင့်ဆိုင်ရာများကို အသုံးပြုကာ လျှောက် ထားနိုင်မည်ဖြစ်သည်။ 
ပြိုင်ပွဲတွင်  ဆုရွေးချယ်မည့်ပုံစံမှာ စိစစ်ရွေးချယ်ရေး အဖွဲ့က အနိုင်ရရှိသူ ခုနစ်ဦးအထိ ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများသည် ဇူလိုင်လတွင်ပြုလုပ်မည့် WIPO  General Assembly  ကာလအတွင်း ၂၀၂၃ ခုနှစ် ကမ္ဘာလုံး ဆိုင်ရာ  ဆုပေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရမည် ဖြစ်သည့်အပြင်Personalized WIPO Mentorship Program တစ်ခုအား လက်ခံရရှိမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ စီးပွားရေး ကဏ္ဍ၊  လူမှုရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မူပိုင်ခွင့်ကဏ္ဍ၏  အရေးပါမှုများကို မီးမောင်း ထိုးပြခြင်းအားဖြင့် မူပိုင်ခွင့်ကဲ့သို့ အင်အားပြည့်ဝသောစနစ်ကို  အသုံးပြု၍ ပြည်တွင်း၊ ပြည်ပ၌ တိုးတက်အောင်မြင်မှုများကို တီထွင်သူများ၊ ဖန်တီးသူများနှင့် ဒီဇိုင်းဖန်တီးသူများ မြင်တွေ့ စေရန်နှင့်  ပိုမိုလှုံ့ဆော်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ထပ်မံသိရှိလိုသော အချက်အလက်များအားhttps://www.wipo.int/global-awards/en/ သို့  ဝင်ရောက်လေ့လာနိုင် ကြောင်း သိရသည်။

IP