Main menu

Background

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ် သင်တန်း ဖွင့်လှစ်

Wed, 03/01/2023 - 14:34 -- journal_editor

မူပိုင်ခွင့်ဦးစီးဌာန၏   အမှတ် တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စား လှယ်သင်တန်း အမှတ်စဉ်  ၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃  ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  မူပိုင်ခွင့်ဦးစီးဌာန၊  ရုံး အမှတ်(၅၂ )၌Virtual စနစ်ဖြင့် ကျင်းပ ခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်၊ ဌာနခွဲအသီးသီးမှ ညွှန်ကြား ရေးမှူးများနှင့်  သင်တန်းနည်းပြများ တက်ရောက်ကြပြီး  ညွှန်ကြားရေးမှူး ချုပ်  ဒေါက်တာမိုးမိုးသွယ်က အဖွင့် အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းကို   မူပိုင်ခွင့် ဦးစီးဌာနမှ ကိုယ်စားလှယ် ဆောင်ရွက် ခွင့် (WIPO File Account) ရရှိထားပြီး အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထား ခြင်းအတွက် ဆောင်ရွက်လိုသော မူပိုင် ခွင့်ဆိုင်ရာ ကိုယ်စားလှယ်များကို နည်း စနစ်မှန်ကန်စွာဖြင့်   မူပိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင်     လျှောက်ထားခြင်းများ ဆောင်ရွက်နိုင်စေရန်     ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။ ယခုကဲ့သို့ ကိုယ် စားလှယ်သင်တန်းကို ၂၀၂၂ ခုနှစ်တွင် နှစ်ကြိမ်ဖွင့်လှစ်ခဲ့ပြီး    သင်တန်းတွင် အမှတ်တံဆိပ်များနှင့်   ပတ်သက်သော ဥပဒေများ၊  ကိုယ်စားလှယ်တစ်ဦး၏ အခန်းကဏ္ဍ၊  အရေးပါမှုနှင့် အခြား နိုင်ငံများတွင် ဆောင်ရွက်နေမှု အလေ့ အကျင့်များ၊ မူပိုင်ခွင့်ဆိုင်ရာ  နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်မှုများနှင့် အပြည်ပြည်ဆိုင်ရာ  သဘောတူစာချုပ် များအကြောင်း၊ ဒေသဆိုင်ရာအညွှန်း (GIs)နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊   မှတ်ပုံတင်ခွင့်မရှိသော အမှတ်တံဆိပ် များအကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံ တင်လျှောက်လွှာ (TM-1) နှင့်  ကိုယ် စားလှယ်ခန့်အပ်လွှာ  (TM-2) ဖြည့် စွက်လျှောက်ထားပုံများ၊  အပြည်ပြည် ဆိုင်ရာ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အမျိုးအစားခွဲခြားခြင်း၊ Online Filing စနစ်ဖြင့်    အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းအတွက် နည်းပညာ ပိုင်းဆိုင်ရာသိကောင်းစရာများ၊ WIPO File Account ဖွင့်လှစ်ခြင်းနည်းလမ်း များ၊ Online Filing  စနစ်ဖြင့် အမှတ် တံဆိပ်မှတ်ပုံတင်  လျှောက်ထားခြင်း အတွက် အခကြေးငွေ ပေးသွင်းသည့် စနစ်၊Online Filing စနစ်ဖြင့် အမှတ် တံဆိပ် မှတ်ပုံတင် ရုပ်သိမ်းခြင်းဆိုင်ရာ များကို စာတွေ့/လက်တွေ့ သင်ကြား ပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်ကြာ ဖွင်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်း သား/သူ  စုစုပေါင်း ၁၃၄ ဦး တက် ရောက်ကြကြောင်း သိရသည်။

IP