Main menu

Background

ထားဝယ်မြို့တွင် ရော်ဘာစိုက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

Tue, 03/14/2023 - 11:22 -- journal_editor

လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ရော်ဘာအရည်အသွေး မြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများအတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်း စီမံကိန်း အကောင်အထည်ဖော် ဆောင် ရွက်ရေးအတွက် ရော်ဘာစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ မြို့တော်ခန်းမ၌ မတ် ၁၀ ရက် တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေး ရာဝန်ကြီး ဦးမောင်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ  ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏  ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ထိန်လင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 
တွေ့ဆုံဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရော်ဘာစိုက် တောင်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း ၆၀ ခန့် တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင်    မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု နှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အရည်အသွေးမြှင့်တင်ခြင်းဆိုင်ရာ လိုအပ် ချက်များ၊ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်ချက်များကို လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရော်ဘာစိုက်ပျိုးထုတ် လုပ်သူများ၏ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။ 
ထို့နောက် တက်ရောက်လာကြသူများက စီမံကိန်းနှင့်  စပ်လျဉ်း၍ သိရှိလိုသည်များကို  ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စီမံကိန်း၏ သုတေသနရလဒ်နှင့် ဆွေးနွေးပွဲရလဒ်များအပေါ် အခြေခံပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း အရည်အသွေးမီရော်ဘာများ ထုတ်လုပ် တင်ပို့နိုင်ရေးအတွက်  ပြည်ပကျွမ်းကျင်ပညာရှင်များကိုခေါ်ယူ၍ သင်တန်း ပေးခြင်းနှင့် ပြည်ပနိုင်ငံများရှိ ရော်ဘာအဖွဲ့အစည်းများထံသို့ လေ့လာ ရေးခရီး  သွားရောက်ခြင်း  အစီအစဉ်များ  ဆက်လက်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ‌ တွေ့ဆုံဆွေးနွေးပွဲကို   မွန်းလွဲ ၁၂ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။                                                                              

NES