Main menu

Background

နှစ်ပတ်အတွင်း စတော့ရှယ်ယာ တန်ဖိုး 

Thu, 03/16/2023 - 14:12 -- journal_editor

ကျပ်သန်း ၁၃၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်မှ  မတ် ၈ ရက်အထိ နှစ်ပတ်တာကာလ အတွင်း စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း  ၁၃၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX)  မှ သိရသည်။ အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၄၂၂၄၈ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၃၈ ဒသမ ၁၈ သန်း ရှိခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar  Investment (FMI) က အစုရှယ်ယာ ၃၇၁၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၀ ဒသမ ၈၄ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစု ရှယ်ယာ ၂၅၃၅၃ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇၈ ဒသမ ၆၀ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၁၅၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၁၆ သန်း၊ ပထမပုဂ္ဂလိကဘဏ် ((FPB) က အစုရှယ်ယာ ၈၅၇၃ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၄ ဒသမ ၄၅ သန်း ရရှိခဲ့သည်။
ထို့အတူ TMH Telecom Public (TMH) က အစုရှယ်ယာ ၁၂၂၆ ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃ ဒသမ ၁၈ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၂၅၂၂ ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆ ဒသမ ၄၅ သန်း၊ Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၇၀၈ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃ ဒသမ ၄၆ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ပန်းဆု