Main menu

Background

ကီလိုမာလကာ

Fri, 03/17/2023 - 12:54 -- journal_editor

ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိပါသည်။ သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံများလည်း စိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိသည့် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ရာသီမရွေး စားသုံနိုင်သည် ဈေးကွက် ဝယ်လိုအားရှိ သည့် ကီလိုမာလကာပင်များကိုလည်း  စိုက်ပျိုးလာကြပါ သည်။ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကီလိုမာလကာပင်ကို ယာ မြေများတွင် သြဂုတ်နှင့် စက်တင်ဘာလများတွင် အများဆုံးစိုက်ပျိုးကြသည်။ မိုးဦးကျကာလများတွင် စိုက်ပျိုးပါက အပင်များ ပိုမိုရှင်သန်နိုင်သည်။  အစေ့ပျိုးပင် သို့မဟုတ် မြေထုပ်စည်းပျိုးပင်ကို တစ်နှစ်သားအရွယ်ရောက်လျှင် မြေချ စိုက်ပျိုးနိုင် ပါသည်။  စိုက်ပျိုးရာတွင်  တစ်ပင်နှင့်တစ်ပင် ၁၅-၁၆ ပေခြား၍စိုက်ပျိုးရသည်။ မာလကာပင်ကို အစေ့မှစိုက်ပျိုးလျှင် ၄-၅ နှစ်အထိ ကြာနိုင်ကြောင်း၊ ကိုင်းဆတ် မြေထုပ်စည်းပျိုးပင်ကို တစ်နှစ်ခွဲ၊ နှစ်နှစ်အတွင်းမှာအသီးသီးကြောင်း၊ စီးပွားဖြစ် စိုက်ပျိုးသော တောင်သူဦးကြီးများက ကိုင်းဆတ်မြေထုပ်စည်းအပင်ကိုသာ အများ ဆုံးစိုက်ပျိုးကြသည်။ 
ပျိုးပင်တစ်ပင်လျှင် ကျပ် ၁၅၀ဝ-၂၅၀ဝ အထိ  ဈေးနှုန်းရှိကြောင်း၊  တစ်ဧက စိုက်ပျိုးရာတွင် ကီလိုမာလကာပင် ၃၅၀ ပင် စိုက်ပျိုးကြကြောင်း၊   တစ်နှစ်ခွဲသား တွင် ရောင်းတမ်းဝင်အသီးများ စတင်ခူးဆွတ်ရကြောင်း၊   စတင်ခူးဆွတ်ချိန်တွင် မာလကာသီးအလုံး ၉၀ဝ-၁၀ဝ၀ ခန့်   ခူးဆွတ်ရကြောင်း၊ မိုးဦးကျနှင့် မိုးရာသီတွင် အသီးအမြောက်အမြား ထွက်ရှိသော်လည်း ဆောင်းနှင့်နွေတွင် အသီးအထွက်နှုန်း လျော့နည်းသည်။
ကီလိုမာလကာသီး တစ်လုံးလျှင် ကျပ် ၂၀ဝ-၃၀ဝ အထိ ရောင်းချရကြောင်း၊ ဖောက်သည်ဈေးနေဖြင့် အလုံးအကြီး၊အသေးပေါ်မူတည်၍ ကျပ် ၁၅၀-၂၀ဝ ဈေး များဖြင့် ရောင်းချပေးကြောင်း၊ ကျောင်းဖွင့်ရာသီချိန်မျိုးတွင်  ပိုမိုအရောင်းသွက် ကြောင်း၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ   ဆုတောင်းပြည့်မဟာရွှေသိမ်တော် ဘုရားဝန်းရှိ မာလကာသီးရောင်းချသောဆိုင်များမှလည်း  လာရောက်ဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချကြသည် ။ 
ဘုရားဖူးလာရောက်ကြသော ခရီးသွားဧည်သည်များကလည်း  အိမ်အပြန် လက်ဆောင်အနေဖြင့် ဝယ်ယူသွားကြသည်။ မာလကာသီးစားသုံးခြင်းဖြင့် ဗီတာ မင် စီများစွာရရှိသဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး စီးပွားလည်းဖြစ် ဝင်ငွေတိုးသော ကီလိုမာလကာပင်များကို တိုးချဲ့စိုက်ပျိုးသင့်ပါသည်။
မော်မော်အောင်