Main menu

Background

မရမ်းခြံဆိပ်ကမ်းမှ ဆန်နှင့် ကြက်သွန်နီ တင်ပို့သည့် ကုန်တင်သင်္ဘောအစင်းရေ များပြားလာ

Fri, 03/17/2023 - 14:02 -- journal_editor

မန္တလေးမြို့ရှိ ဧရာဝတီမြစ်သင်္ဘောဆိပ်ကမ်းတစ်ခုဖြစ်သည့် မရမ်းခြံဆိပ်ကမ်းမှ ကြက်သွန်နီတင်ပို့သည့် ကုန်တင်သင်္ဘောအစင်းရေ များပြားလာကြောင်း မန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရသည်။

အဆိုပါဆိပ်ကမ်းမှ သပိတ်ကျင်း၊ ကသာ၊ ရွှေကူ၊ ဗန်းမော်ဘက်သို့  ဆန်နှင့် ကြက်သွန်နီများ တင်ပို့နေခြင်းဖြစ် ပြီး မတ်လ ၁ ရက်မှစ၍ ကုန်ပစ္စည်းတင်ပို့သည့် သင်္ဘောအစင်းရေ တိုးတက်များပြားလာခြင်းဖြစ်သည်။ ယင်းမြို့နယ်များသို့ ကုန်တင်ပို့သည့် သင်္ဘောအစင်းရေမှာ ဖေဖော်ဝါရီလ နောက် ဆုံးပတ်က အစင်းရေ ၅၀ ကျော်သာရှိခဲ့သော်လည်း မတ် ၁ ရက်မှစတင်ကာ ကုန်တင်သင်္ဘောအစင်းရေ ၈၀ ကျော်အထိ ရှိလာကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါမြို့နယ်များသို့  ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်  အပါအဝင် အဝတ်အထည်နှင့် အထည်အလိပ် တင်ပို့သည့် ကုန်တင်သင်္ဘောအစင်းရေမှာ ၂၀ဝ ကျော်အထိရှိ လာပြီဖြစ်ကြောင်း သိရသည်။

ထိုဆိပ်ကမ်းသည် ခရီးသည် လိုက်ပါစီးနင်းမှု များပြားသည့်အပြင် ကုန်စည်တင်ပို့မှု အားကောင်းသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သိရသည်။ 

ပန်းဆု