Main menu

Background

ပင်းပက်သံမဏိစက်ရုံ လာမည့်ဘဏ္ဍာနှစ်တွင် စတင်လည်ပတ်မည်  

Tue, 03/28/2023 - 14:18 -- journal_editor

အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) ကို လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်လည်ပတ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ ရုရှားအစိုးရပိုင် Tyazhpromexport (TPE) နှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း MEC တို့အကြား ဖက်စပ် လုပ်ကိုင်နေသည့် သံမဏိတူးဖော်သန့်စင်ရေး စီမံကိန်းဖြစ်သည့် သံမဏိစက်ရုံ (ပင်းပက်) ကို ယခု ၂၀၂၃ ခုနှစ်အတွင်း ဖွင့်လှစ် ရန် ရည်မှန်းထားခြင်းဖြစ်သည်။
ယင်းစက်ရုံတွင် သံသတ္တုရိုင်းမှ သံစိမ်းထုတ်လုပ်ခြင်းလုပ်ငန်း ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ စတင်လည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။ ထို့အတူ လက်ရှိတွင် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)က သံရည်ကျိုအလုပ်ရုံ (Melt Shop-1) ကို ယခု မတ်လအတွင်း စတင်လည်ပတ်ပြီး သံမဏိလေးထောင့်တုံး (Steel Billet) ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်ချက်ကြောင့် ပြည်ပကနေ နှစ်စဉ်သံမဏိတန်ချိန် နှစ်သန်းခန့် တင်သွင်းနေခြင်းအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် သုံးစွဲနေရကြောင်း သိရသည်။ နှစ်စဉ် သံမဏိတန်ချိန် သုံးသန်းခန့် လိုအပ်ချက်ရှိသော်လည်း  ပြည်တွင်း၏ ထုတ်လုပ်နိုင်မှုက တန်ချိန်တစ်သန်းခန့်သာ ရှိသည့်အတွက် တန်ချိန် နှစ်သန်းကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ ကာကွယ်ရေးဝန်ကြီးဌာနပိုင် သံမဏိစက်ရုံ တစ်ရုံ၊ စက်မှုဝန်ကြီးဌာနပိုင် နှစ်ရုံ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)  ပိုင် စက်ရုံ သုံးရုံရှိပြီး ပုဂ္ဂလိကမှတ်ပုံတင် သံရည်ကျိုလုပ်ငန်း ၃၆၂ ခုရှိကြောင်း သိရသည်။

ပန်းဆု