Main menu

Background

စတော့ရှယ်ယာတန်ဖိုး ကျပ် သန်း ၁၂၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Thu, 03/30/2023 - 14:23 -- journal_editor

ပြီးခဲ့သည့် မတ် ၉ ရက်မှ ၂၂ ရက်အထိ နှစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏  စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုတန်ဖိုး ကျပ်သန်း ၁၂၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။

အဆိုပါ ကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၄၇၂၁၀ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၂၉ ဒသမ ၅၇ သန်း ရှိခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့်  First Myanmar Investment (FMI) က အစုရှယ်ယာ ၄၃၉၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးကျပ် ၃၆ ဒသမ ဝ၅ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH)  က အစုရှယ်ယာ ၁၀၆၈၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၄ ဒသမ ၂၃ သန်း ရရှိခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၃၇၈ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးကျပ် ၂ ဒသမ ၈၀ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၂၈၉၂၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၅ ဒသမ ၈၁ သန်း ရရှိခဲ့သည်။

ထို့အတူ TMH Telecom Public (TMH) က အစုရှယ်ယာ ၂၀၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးကျပ် သုည ဒသမ ၅၂ သန်း၊ Ever Flow River Group Public (EFR)  က အစုရှယ်ယာ ၁၂၁၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးကျပ် ၃ ဒသမ ၂၄ သန်း၊ Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၁၄၁၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆ ဒသမ ၉၃ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ပန်းဆု