Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်အေးနေ

Wed, 04/26/2023 - 13:09 -- journal_editor

လက်ရှိ ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း ဒေါ်လာအရောင်းအဝယ်မှာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်အေးနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံက သိရသည်။

ဗဟိုဘဏ်အနေဖြင့် သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက် (Fit & Proper) ကိုထုတ်ပြန်ထားပြီး ယင်းက ငွေကြေးအဖွဲ့အစည်းများအတွင်း ပြစ်မှုကျူးလွန်သူများနှင့် ပြစ်မှုကျူးလွန်ခြင်းမှတစ်ဆင့်ရရှိသည့် ငွေကြေး၊ ပစ္စည်းနှင့် အကျိုးအမြတ်များ ဝင်ရောက်လာခြင်းမရှိစေရေး ကြိုတင်ကာကွယ်ထားသည့် အစီအစဉ်များဖြစ်ကြောင်း သိရသည်။

Fit & Proper ကို ဘဏ်များ၊ ဘဏ်မဟုတ်သည့် ငွေကြေးအဖွဲ့အစည်းများ၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုအဖွဲ့အစည်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသော ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်ပငွေလွှဲလိုင်စင်ရရှိသူများ၊ ရှယ်ယာရှင်များ၊ ကုမ္ပဏီဒါရိုက်တာများ၊ တာဝန်ရှိသူများနှင့် ဆက်နွှယ်သူများ လိုက်နာရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။  

နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများအနေဖြင့် ငွေကြေးဈေးကွက်အတွင်း မသမာမှုများမပြုလုပ်ကြရန် ဗဟိုဘဏ်က သတိပေးထားပြီး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိသည့် ဆောင်ရွက်မှုများ တွေ့ရှိပါက လိုအပ်သလို အရေး ယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။                

ပန်းဆု