Main menu

Background

စတော့ရှယ်ယာတန်ဖိုး ကျပ်သန်း ၆၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Wed, 04/26/2023 - 13:14 -- journal_editor

ဧပြီ ၆ ရက်မှ ၁၉ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မှု တန်ဖိုးကျပ်သန်းပေါင်း ၆၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှသိရသည်။ သင်္ကြန်ပိတ်ရက်မတိုင်မီနှင့် သင်္ကြန်အပြီး ဈေးကွက်ပြန်ဖွင့်ပြီးနောက်ပိုင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၂၂၉၅၈ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၆၁ ဒသမ ၆၀ သန်း ရှိခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့်  First Myanmar  Investment (FMI) က အစုရှယ်ယာ ၂၈၅၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၂ ဒသမ ၈၀ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH)  က အစုရှယ်ယာ ၅၅၉၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၆ ဒသမ ၈၀ သန်း ရရှိခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၁၃၄ ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ၉၂၈ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၁၄၂၀၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၀ ဒသမ ၆၀ သန်း ရရှိခဲ့ သည်။

ထို့အတူ TMH Telecom Public (TMH) က အစုရှယ်ယာ ၁၀၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ၂၇ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၁၃ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ဝ၃ သန်း၊ Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၄၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ၂၃ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ပန်းဆု