Main menu

Background

ဖြူးမြို့မှ ပါရမီထင်းအစားထိုး လောင်စာတောင့်လုပ်ငန်း

Wed, 04/26/2023 - 13:29 -- journal_editor

ဖြူးမြို့ ဘူတာမြောက်ရပ်ကွက် ထန်းကုန်းလမ်းတွင် ထင်းအစားထိုးလောင်စာတောင့်လုပ်ငန်းလုပ်ကိုင်သော လုပ်ငန်းရှင်ရှိသည်။  ပါရမီလောင်စာတောင့်လုပ်ငန်းသည် ၎င်းတို့ မိသားစုပိုင် ပါရမီဆန်စက်မှ ထွက်ရှိသောစပါးခွံများဖြင့် လောင်စာတောင့်များ ထုတ်လုပ်ခြင်းဖြစ်သည်။ 

လောင်စာတောင့် ထုတ်လုပ်ရာတွင် စပါးခွံ တစ်ဆနှင့် လွှစာမှုန့် တစ်ဆခွဲကိုရော၍ လောင်စာတောင့်ထုတ်သည့် စက်ထဲသို့ ထည့်ရသည်။ ထွက်ရှိလာသော လောင်စာတောင့်များကို မီးသွေးဖို ထဲထည့်ပြီး မီးသွေးဖြစ်အောင် ပြုလုပ်ရပါသည်။
တစ်ရက်လျှင် အလုပ်သမားခြောက်ဦးဖြင့် စပါးခွံ လောင်စာတောင့် ပိဿာ ၆၀ဝ ထုတ်လုပ်နိုင်သည်။ သို့ဖြစ်၍ တစ်နေ့လျှင် ကုန်ကြမ်းဖြစ် စပါးခွံပိဿာ ၆၀ဝ နှင့် လွှစာမှုန့် ပိဿာ ၉၀ဝ အသုံးပြုရသည်။ လွှစာမှုန့် ၁၀ ပိဿာ တစ်အိတ် လျှင် ကျပ် ၁၂၅၀  ဖြင့် ဝယ်ယူရပြီး စပါးခွံတစ် ပိဿာအတွက် ကုန်ကျစရိတ်မှာ ကျပ်  ၃၀ဝ ခန့် ရှိသည်။ လုပ်သားတစ်ဦးအတွက် တစ်နေ့လုပ်ခမှာ ကျပ် ၉၀ဝ၀  ဖြစ်သည်။

ထွက်ရှိလာသော လောင်စာတောင့်များကို ခြောက်ပိဿာပါ စက္ကူပုံးဖြင့်ထုပ်ပိုးပြီး တစ်ထုပ်လျှင် ကျပ် ၈၅၀ဝ ကျပ်နှုန်းဖြင့် ဖြူးမြို့အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စပါးခွံလောင်စာတောင့် ထုတ်လုပ်သူလုပ်ငန်းရှင် ပြောပြချက်အရ သိရှိရသည်။

သန္တာစိုး(ဖြူး)