Main menu

Background

လွိုင်ကော်မြို့တွင်‌ ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

Tue, 05/09/2023 - 12:33 -- journal_editor

၂၀၂၃ ခုနှစ် မေလပထမပတ် အတွင်း လွိုင်ကော်မြို့နယ် အခြေခံစား ကုန်ဖြစ်သော  ရွှေရင်အေးဆန် တစ် ပြည်လျှင် ကျပ် ၃၆၀ဝ၊ ၂၄ ပြည် တစ် အိတ်လျှင် ကျပ် ၈၆၀ဝ၀၊  တရုတ်မွေး ဆန် တစ်ပြည်လျှင်  ကျပ် ၃၃၀ဝ၊ ၂၄ ပြည်တစ်အိတ် လျှင် ကျပ် ၇၈၀ဝ၀၊ ရွှေ အဆန်တစ်ပြည်လျှင်ကျပ် ၃၃၀ဝ၊ ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၈၀ဝ၀ နှင့် ငစိန်ဆန် တစ်ပြည်လျှင် ကျပ် ၂၉၀ဝ၊ ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၆၈၀ဝ၀ တို့ဖြင့်  အရောင်းအဝယ်  ဖြစ်လျက်ရှိ သည်။
စားသုံးဆီအနေဖြင့် မြေပဲဆီတစ် ပိဿာလျှင် ကျပ် ၁၄၀ဝ၀၊ နှမ်းဆီ တစ် ပိဿာလျှင် ကျပ် ၁၄၀ဝ၀၊ နေကြာဆီ တစ်ပိဿာလျှင်  ကျပ် ၁၄၅၀ဝ နှင့် စား အုန်းဆီ တစ်ပိဿာလျှင် ကျပ် ၈၈၀ဝ ခန့်ရှိသည်။
စားဖိုဆောင်  သီးနှံအနေဖြင့် ငရုတ်သီးခြောက် အမျိုးအစားအလိုက် တစ်ပိဿာလျှင်    ကျပ် ၂၅၀ဝ၀ မှ ၃၀ဝ၀ဝ ခန့်၊ ကြက်သွန်နီ တစ်ပိဿာ လျှင် ကျပ် ၁၈၀ဝခန့်၊  ကြက်သွန်ဖြူ (ရှမ်းစ/ဒေသစ) တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ ခန့်၊ နနွင်းတက်တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ ခန့်၊ ဂျင်း(ချင်း)တစ်ပိဿာ လျှင် ကျပ် ၁၈၀ဝခန့်၊ ဆား တစ်ပိဿာ လျှင် ကျပ် ၆၀ဝ ခန့်၊  အားလူး တစ် ပိဿာလျှင် ကျပ်၂၃၀ဝ ခန့်နှင့် ခရမ်း ချဉ်သီးတစ်ပိဿာလျှင်  ကျပ် ၂၀ဝ၀ ခန့်ရှိသည်။
အသား၊  ငါးဈေးနှုန်းများ အနေ ဖြင့်  ကြက်သားတစ်ပိဿာလျှင်  ကျပ် ၁၃၀ဝ၀ ခန့်၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၁၇၀ဝ၀ ခန့်၊ အမဲသားတစ်ပိဿာ လျှင်ကျပ် ၁၈၀ဝ၀ ခန့်၊ ဆိတ်သား တစ် ပိဿာလျှင် ကျပ် ၂၆၀ဝ၀ ခန့်၊  ငါးမြစ် ချင်းတစ်ပိဿာလျှင်  ကျပ် ၉၀ဝ၀ ခန့်၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ ခန့်၊ ငါးခူတစ်ပိဿာလျှင် ကျပ် ၉၀ဝ၀ ခန့်ရှိပြီး   ကြက်ဥ/ဘဲဥဈေးနှုန်းများ အနေဖြင့် ကြက်ဥ အသေးတစ်လုံးလျှင် ကျပ် ၂၃၀၊ ကြက်ဥအကြီး တစ်လုံးလျှင် ကျပ် ၂၆၀၊ ဘဲဥ အသေးတစ်လုံးလျှင် ကျပ် ၂၇၀၊ ဘဲဥ  အကြီးတစ်လုံးလျှင် ကျပ် ၃၀ဝ ခန့်တို့ဖြင့်  လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်း  ရောင်းချနေ သော ဈေးသည်များထံမှ သိရသည်။

(KMS  DOCA Kayah)