Main menu

Background

ပြည်တွင်းဈေးကွက် ဝယ်လိုအားရှိသော ဆေးဖက်ဝင် ကံ့ကော်ပန်းခြောက် အရောင်းအဝယ်ဖြစ်

Tue, 05/09/2023 - 15:55 -- journal_editor

ပုသိမ်မြို့ပေါ်တွင် ပြည်တွင်းဈေးကွက် ဝယ်လိုအားရှိသော ကံ့ကော်ပန်းခြောက်များကို ကံ့ကော် ပန်းပွင့်ချိန် မတ်လမှစတင်၍ ဝယ်ယူလျက်ရှိပြီး မေလအထိသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရ သည်။
ကံ့ကော်ပန်းခြောက်များကို သာပေါင်းမြို့နယ်၊ ချောင်းသာ၊ ဟိုင်းကြီးကျွန်းနှင့် ပုသိမ်မြို့ပေါ်မှ လာရောက်ရောင်းချလျက် ကံ့ကော်ပန်းခြောက် တစ်ပိဿာကို ကျပ် ၁၅၀ဝ ဈေးနှုန်းဖြင့် ပုသိမ်မြို့ပေါ် အဝယ်ဒိုင်များက ဝယ်ယူလျက်ရှိပြီး ပြည်တွင်းဈေးကွက် အသုံးပြုရန် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
ကံ့ကော်ပင်က လေထုကို သန့်စင်ပေးသလို ကံ့ကော်ပန်း၊ အရွက်နှင့် အခေါက်အားလုံးက ဆေးဖက်ဝင်ကြောင်း ကျန်းမာရေးနှင့်ပတ်သက်၍ ကံ့ကော်ပန်းခြောက်ကို အသုံးပြုမှုရှိသလို မြန်မာ့သနပ်ခါးဘူးများတွင်လည်း ကံ့ကော်ပန်း ခြောက်ကို အသုံးပြုလျက်ရှိကြောင်း၊ အစာချေစနစ် ကောင်းမွန်စေရန်၊ အသက်ရှူလမ်းကြောင်း ကောင်းမွန်စေရန်၊ ဝမ်းကိုက်ဝေဒနာ၊ အဆစ်ရောင်နာ၊ လေးဖက်နာ၊ ဆီးရောဂါဝေဒနာ၊ အရေပြားယားယံ၊ အသားအရောင် မညီခြင်း စသည့် ရောဂါများနှင့် အခြားရောဂါ များအတွက် မြန်မာ့တိုင်းရင်းဆေး ဖော်စပ်ရာတွင် ကံ့ကော်ပန်းခြောက်ကို ထည့်သွင်းအသုံးပြုလျက်ရှိကြောင်း သိရသည်။                                                                                         

မင်းမင်းဦး (ပသ)