Main menu

Background

ပြည်တွင်းထုတ်ကုန်ကဏ္ဍ

Tue, 05/09/2023 - 16:40 -- journal_editor

ယခုတစ်ပတ်အတွက် ပြည်တွင်းထုတ် ကုန်ကဏ္ဍတွင် Shwe Cocoa ကုမ္ပဏီက ထုတ်လုပ်ရောင်းချလျက်ရှိသည့် ချောကလက်ထုတ်ကုန်များနှင့် မိတ်ဆက်ပေးလိုက်ပါသည်။ ကုမ္ပဏီသည် ကျန်းမာရေးဝန်ကြီးဌာန၏   အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ (FDA) အသိအမှတ်ပြုလက်မှတ် ရရှိထားပြီး ဖြစ်သည်။ ယခင်က ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ စင်ကာပူ၊ မလေးရှားနိုင်ငံထုတ် ချောကလက် များကို ပြည်တွင်းသို့ တင်သွင်းပြီး စားသုံးခဲ့ရ သော်လည်း ယခုအခါ ဘယ်လ်ဂျီယံနည်းပညာ ဖြင့် ပြည်တွင်း၌ ထုတ်လုပ်ထားသည့် ချောကလက်များကို အရည်အသွေးမီ၊ ဈေးနှုန်း သင့်တင့်စွာဖြင့် ဝယ်ယူနိုင်ပြီဖြစ်သည်။
ကုမ္ပဏီမှ Chococity အမှတ်တံဆိပ်ဖြင့် Chocolate souvenir box များ၊ tablet ချောကလက်ပြားများ၊Lollipop များ၊  ပြင်သစ်အချိုပွဲဖြစ်သည့် macaron တို့ကို စူပါမားကတ်နှင့် ဈေးဝယ်စင်တာကြီးများသို့ ချိတ်ဆက် ရောင်းချသည့်အပြင်  ဟိုတယ်၊ စားသောက် ဆိုင်၊ ဘဏ်များ၏ အထိမ်းအမှတ်နေ့များနှင့် ကုမ္ပဏီ နှစ်ပတ်လည် အခမ်းအနားများတွင် လက်ဆောင်ပေးရန်အတွက်   မှာကြားလျှင် လည်း စိတ်တိုင်းကျ ဆောင်ရွက်ပေးလျက်ရှိ သည်။  ယခင်က ချောကလက်ကို  ပြည်ပမှ တင်သွင်းခဲ့သော်လည်း ယခုအခါ ချောကလက် ကုန်ကြမ်းကိုသာ ပြည်ပမှ တင်သွင်းပြီး ပြည် တွင်း  သစ်သီးကုန်ကြမ်းများနှင့်  ရောစပ်၍ အရည်အသွေးမီ ကုန်ချောထုတ်လုပ်လျက်ရှိ ကြောင်း ဖော်ပြလိုက်ပါသည်။
ထပ်မံ၍ ပြည်တွင်းထုတ်ကုန်ဖြစ်သည့် Myanmar Honey Food Factory Co.,Ltd မှ ထုတ်လုပ်သည့် အသင့်စား  ကော်ပြန့်ကြော်၊ အေးခဲ (စမူဆာ၊ ပလာတာ၊ ကော်ပြန့်လိပ်၊ ပေါက်စီ၊ ကော်ပြန့်ရွက်နှင့်  ဖက်ထုပ်များ) အကြောင်း မိတ်ဆက်ပေးလိုက်သည်။ ထုတ် ကုန်များကို တရုတ်(တိုင်ပေ)နည်းပညာဖြင့် ပြည်တွင်းမှ  ကုန်ကြမ်းများကို အသုံးပြု၍ အသင့်စားနှင့် အေးခဲစားသောက်ကုန်ဟူ၍ နှစ်မျိုးခွဲကာ ထုတ်လုပ်ခဲ့သည်။ အသင့်စား ကော်ပြန့်လိပ်ကြော် (Ready made Fried Spring Rolls) ကို   ကြက်၊ ပုစွန်၊ ချိစ်၊ ရေညှိ၊ မာလာ/ကာရီ အမဲသား  အရသာများဖြင့် စက္ကူဘူး၊ ကော်ဘူး အကြည်များဖြင့် ၅၀ ဂရမ်၊ ၁၀ဝ ဂရမ်၊ ၁၈၈ ဂရမ်ဟူ၍ ထုပ်ပိုးပြီး ဈေးကွက်သို့  ဖြန့်ချိလျက်ရှိသည်။  ကျန်းမာရေး ဝန်ကြီးဌာန၏  FDA ထောက်ခံချက်လက်မှတ် ရရှိထားသောစက်ရုံဖြစ်သည်။  ပြည်တွင်းဈေးကွက်များသို့   ဖြန့်ဖြူးရုံ သာမက ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက် ရှိသည်။ ယခင်က အသင့်စား ကော်ပြန့်ကြော် များကို  တရုတ် (တိုင်ပေ)မှ  တင်သွင်းခဲ့သော် လည်း ယခုအခါ ပြည်တွင်း၌ ထုတ်လုပ်လျက် ရှိသောကြောင့် ကုန်ကျစရိတ်  သက်သာပြီး ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူ စားသောက် နိုင်သည်။ ]]ရွရွလေးနဲ့ စားကောင်းတာ ဟန်နီ ပါ}}ဆိုသည့်   ဆောင်ပုဒ်နှင့်အညီ  စားလိုက် တိုင်း   ြွကပ်ရွလတ်ဆတ်မှုကို  ခံစားနိုင်မည့် ထုတ်ကုန်ဖြစ်သည်။
MMS