Main menu

Background

ယခု မေလအတွင်း UMFCCI MSME FAIR 2023  ကျင်းပမည် 

Wed, 05/10/2023 - 11:52 -- journal_editor

အသေးစား၊အငယ်စား၊ အလတ်စားလုပ်ငန်းများကို ထောက်ပံ့ပေးရန်နှင့် ဈေးကွက်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ယခု မေလ အတွင်း UMFCCI MSME FAIR ၂၀၂၃ ကို ကျင်းပသွားမည်ဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ သိရသည်။
ကော်မတီအနေဖြင့် အဆိုပါ ပြပွဲ ကို မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များ  အသင်းချုပ် (UMFCCI)  ၏  ဦးဆောင်မှုဖြင့်    မေ ၇ ရက်နှင့် ၈ ရက်တို့တွင် ရန်ကုန်မြို့ရှိ ူသအအန ံသအနူ ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ပြပွဲတွင် အသိပညာပေး စကားဝိုင်းအစီအစဉ်များ၊ ရိုးရာဝတ်စုံများကို ဖန်တီးပြသမည့်အစီအစဉ်များ၊ MSME Outstanding Award ဆုပေးမည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြပွဲအတွက် ပြခန်းများကို ဈေးနှုန်းအချိုသာဆုံးနှင့် ရောင်းချသွား မည်ဖြစ်သည့်အပြင် ညီနောင်အသင်းများမှ  ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ပြသရန်နှင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်စုံမှ ပါဝင်ပြသနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြပွဲကို ထုတ်ကုန်ပြခန်းပေါင်း ၁၂၀ကျော်ဖြင့်  နှစ်ရက်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများအလိုက် ခင်းကျင်းပြသပုံ၊ တီထွင်ဆန်းသစ်မှု၊ ထုပ်ပိုးမှုပုံစံ၊ ဝန်ဆောင်မှုများအပေါ် မူတည်ပြီး MSMEs Out-standing Award  ဆုချီးမြှင့်မှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပန်းဆု