Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဂျပန်နိုင်ငံခြားသတင်းထောက်များအသင်း၏ ဉက္ကဋ္ဌဟောင်းဖြစ်သူ MR AZHARI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

Tue, 05/23/2023 - 10:22 -- journal_editor

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး သည် မေ ၁၀ ရက်တွင် ဂျပန်နိုင်ငံခြား သတင်းထောက်များအသင်း (Foreign Correspondent Club of Japan-FCCI) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ  Mr.AZHARI ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ခဲ့သည်။  တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေ များ၊ အရှေ့အလယ်ပိုင်းဈေးကွက်နှင့် ဆက်စပ်ဆောင်ရွက်နိုင်မည့် ကုန်သွယ်မှု ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး Mr.AZHARI  သိရှိလို၍ မေးမြန်း သည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့် အလားအလာများအား ရှင်းလင်းပြောကြားခဲ့သည်။  တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

MOC(IR)