Main menu

Background

(၅)ကြိမ်မြောက် တရုတ် (အနောက်ပိုင်းဒေသ) အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်ပြပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်

Tue, 05/23/2023 - 10:30 -- journal_editor

စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချုံချင့်မြို့၌ မေ ၁၈ ရက်မှ ၂၁ ရက် အထိ ကျင်းပပြုလုပ်သည့် (၅)ကြိမ်မြောက်    တရုတ် (အနောက်ပိုင်းဒေသ) အပြည်ပြည်ဆိုင်ရာ  ရင်းနှီး မြှုပ်နှံမှုနှင့်   ကုန်သွယ်ရေးဆိုင်ရာ    ကုန်စည်ပြပွဲ (The 5th Western China International Fair for Investment and Trade-WCIFIT)  ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ခဲ့ပြီး  ခင်းကျင်းပြသထားသည့် နိုင်ငံတကာ  ပြခန်းများအား လှည့်လည်ကြည့်ရှုကာ မြန်မာပြခန်းများကိုလည်း  ကြည့်ရှုအားပေးခဲ့သည်။   
ပိုမိုကောင်းမွန်သော  အနာဂတ်အတွက် တရုတ်နိုင်ငံအနောက်ပိုင်းဒေသနှင့် ကုန်သွယ်ဖက် နိုင်ငံများအကြား   ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အဆိုပါပြပွဲသို့ နိုင်ငံပေါင်း  ၃၆ နိုင်ငံမှ ပြခန်းပေါင်း  ၈၂၄ ခန်း ပါဝင်ပြသခဲ့သည်။  ဆက်လက်၍        ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချုံချင့်မြို့ တရုတ်ကွန်မြူနစ်ပါတီ ဒုတိယအထွေထွေ အတွင်းရေးမှူး မြ. ူင ငြညါဆငညါ က တည်ခင်း ဧည့်ခံသည့်  အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးနှင့် မြန်မာ့လယ် ယာထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး ကိစ္စရပ်များ  ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

MOC(IR)