Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ လင်ချန်းမြို့တော်ဝန်နှင့် တာဝန်ရှိသူများအား တွေ့ဆုံ

Tue, 05/23/2023 - 10:33 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား မေ ၁၉ ရက် နံနက် ၉နာရီက လင်ချန်းမြို့ ဘူတာရုံတွင် တရုတ်-မြန်မာ အိန္ဒိယသမုဒ္ဒရာ ရေလမ်းကြောင်းသစ် တည်ဆောက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးဇုန် တည်ဆောက်ရေးနှင့် အနာဂတ် စီမံကိန်းများအား လင်ချန်းမြို့ ဒုတိယမြို့တော်ဝန် မြ. ဇ့သေ ဇငငြန က မြေပုံကားချပ်များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နံနက် ၁၁ နာရီတွင်Lintong Hotel ၌ တရုတ်ကွန်မြူနစ်ပါတီ လင်ချန်းမြူနီစပယ် ကော်မတီ အတွင်းရေးမှူး Mr Du Jianhui နှင့် လင်ချန်းမြို့တော်ဝန်Mr. Du Jianhui အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေးကိစ္စရပ်များ၊ နယ်စပ်ဂိတ်များအဆင့်မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်တို့ကို ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးခဲ့ကြသည်။  ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် လင်ချန်းမြို့ပြစီမံကိန်း ပြတိုက်နှင့် ဝမ်ယောင်ကျေးရွာရှိ ြွေကထည်မြေထည် ထုတ်လုပ်သည့်လုပ်ငန်းတို့သို့ သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက အသေးစိတ် လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ 

 

MOC(IR)