Main menu

Background

ကိုရီယားနည်းပညာပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပါဝင်ပြသရန် ဖိတ်ခေါ်

Tue, 05/23/2023 - 13:35 -- journal_editor

ကိုရီးယားသမ္မတနိုင်ငံ၊   Gwangju မြို့၊Kimdaejung Convention Center  ၌  သြဂုတ် ၃၀ ရက်မှ စက် တင်ဘာ ၁ ရက်အထိ ကျင်းပပြုလုပ်မည့် Artificial Intelligence Technology-Plus 2023 (AI TECH+ 2023)သို့   မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ   ပါဝင်တက်ရောက် ပြသနိုင် ကြောင်း ဖိတ်ကြားထားသည်။  အဆိုပါပြပွဲသည် ကိုရီးယားသမ္မတနိုင်ငံတွင် ဗှု ကဏ္ဍအတွက်  တစ်ကမ္ဘာလုံးမှ  ပညာရှင်များ စုဝေးဆွေးနွေးရာနေရာတစ်ခုအဖြစ်  ဖန်တီးသွား မည့် ပထမခြေလှမ်းပင်ဖြစ်ကြောင်း၊  AI TECH+ 2023  ကို လာရောက်မည့်သူများသည် စီးပွားရေး အချိတ်အဆက်များရရှိနိုင်ပြီး ၎င်းတို့၏စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူရရှိနိုင်မည်ဖြစ်ကြောင်း၊    ပါဝင်ပြသခြင်းဖြင့်  နိုင်ငံတကာမှ   စီးပွားရေးလုပ်ငန်းများနှင့် ချိတ် ဆက် တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက် နိုင်မည့်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြပွဲ၌ပြသမည့်လုပ်ငန်းရှင်များအား ဆွေးနွေး ပွဲများ ကျင်းပနိုင်ရန်အတွက် ခန်းမများ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။    အဆိုပါပြပွဲသို့ပါဝင်ပြသလိုသည့်  စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊     မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊  ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ  အီးမေးလ် moctradefair@myantrade.gov.mm ဖုန်း-ဝ၆၇-၄၀၈၆၂၂ ၊ ဝ၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရသည်။

MOC(IR)