Main menu

Background

(၂၆)ကြိမ်မြောက် အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ အစည်းအဝေးနှင့ ်ဆက်စပ်အစည်းအဝေးများ တက်ရောက်

Tue, 05/23/2023 - 14:14 -- journal_editor

(၂၆) ကြိမ်မြောက်  အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီ  အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မေ ၁၅ ရက်မှ ၁၇ ရက်အထိ ဠငမအကေူ စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် အာဆီယံစားသုံးသူကာကွယ် ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံ စားသုံး သူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်၊ မူပိုင်ခွင့်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် က  အဖွင့်အမှာစကား  ပြောကြားခဲ့ပြီး အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို  ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေး အပ်ခဲ့သည်။ 
အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဆွေးနွေးဖက် နိုင်ငံများမှ   တာဝန်ရှိသူများ၊   ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင် ပညာရှင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး ပထမနေ့နှင့် ဒုတိယနေ့ များတွင် အာဆီယံစားသုံးသူကာကွယ်ရေး မဟာ ဗျူဟာ လုပ်ငန်းစီမံချက် ၂၀၁၆-၂၀၂၅ ပါ နှစ် အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ စားသုံးသူကာကွယ်ရေး   အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စများ၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ နည်းပညာအကူအညီပေး အပ်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ သည်။  အစည်းအဝေးတွင်  အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီ အဖွဲ့ဝင်နိုင်ငံများက နိုင်ငံ အလိုက် စားသုံးသူကာကွယ်ရေးဥပဒေ၏ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေများနှင့် ကိုဗစ်(၁၉) ရောဂါ ဖြစ်ပွားနေချိန်ကာလအတွင်း စားသုံးသူကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။
၂၀၂၃ ခုနှစ်တွင် အာဆီယံစားသုံးသူကာ ကွယ်ရေးကော်မတီအနေဖြင့်  တရားမျှတမှု မရှိ သော  စာချုပ်စာတမ်း  ဝေါဟာရများဆိုင်ရာ အာဆီယံလမ်းညွှန်ချက်ရေးဆွဲသည့် လုပ်ငန်းကို ဦးစားပေး  ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းကို  ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိပြီး ဂျာမနီအခြေစိုက် နည်း ပညာအကူအညီ  ပေးအပ်သည့် အဖွဲ့အစည်း (ွှုဇ) ၏ နည်းပညာအထောက်အပံ့ဖြင့် အာဆီယံ စားသုံးသူ ကာကွယ်ရေးကော်မတီ အဖွဲ့ဝင်နိုင်ငံ အားလုံးက  လိုက်ပါဆောင်ရွက်သွားရမည်ဖြစ် သည်။ အဆိုပါ  လမ်းညွှန်ချက် ရေးဆွဲရခြင်း၏ ရည်ရွယ်ချက်မှာ တရားမျှတမှုမရှိသော စာချုပ် စာတမ်း ဝေါဟာရများနှင့်စပ်လျဉ်း၍ သက်ဆိုင် ရာ အစိုးရဌာနများ အဖွဲ့အစည်းများသို့ ရှင်းလင်း ပြည့်စုံသော သတင်းအချက်အလက်ပေးအပ်နိုင် ရန်၊ စီးပွားရေးလုပ်ငန်းရှင်များက  ၎င်းဝေါဟာရ များကို သိမြင်ပြီးရှောင်ရှားနိုင်ရန်၊ စားသုံးသူများက အငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ရာတွင် နည်း လမ်းများကို ရွေးချယ်ဆောင်ရွက်နိုင်ရန်၊ စားသုံး သူကာကွယ်ရေး  လုပ်ငန်းများအတွက် ဥပဒေမူ ဘောင်ကွာဟချက်များကို ဖြေရှင်းဆောင်ရွက်နိုင် ရန်နှင့် နိုင်ငံတကာ အကောင်းဆုံးအလေ့အထများ ကို  လေ့လာဆောင်ရွက်နိုင်ရန်တို့အတွက်ဖြစ် သည်။ 
အာဆီယံစားသုံးသူ   စွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းကောက်ယူသည့် လုပ်ငန်း ကို  အာဆီယံနိုင်ငံများအလိုက် ၂၀၂၃ ခုနှစ် အတွင်း နိုင်ငံအဆင့် အပြီးသတ်ဆောင်ရွက်သွား ရမည်ဖြစ်သည်။  မြန်မာနိုင်ငံအနေဖြင့်  နိုင်ငံ အဆင့် စားသုံးသူစွမ်းဆောင်နိုင်မှုအညွှန်းကိန်း စစ်တမ်း ကောက်ယူသည့်လုပ်ငန်းကို ၂၀၂၃ ခုနှစ် အတွင်း ဆောင်ရွက်သွားနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ကိန်းဂဏန်းအချက်အလက်ကာကွယ် ထိန်းသိမ်းမှု နှင့် ကြော်ငြာနှင့်ဈေးကွက်ကဏ္ဍတို့တွင် သင်ခန်း စာများ  ရေးဆွဲပြုစုသည့်လုပ်ငန်းကို ဦးဆောင် နိုင်ငံအဖြစ် ဆောင်ရွက်သွားရမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက် မှာ စားသုံးသူကာကွယ်ရေး အဖွဲ့အစည်းများအား ပိုမိုထိရောက်သော   စားသုံးသူဥပဒေတွန်းအား ပေးဆောင်ရွက်သောလုပ်ငန်းများကို လုပ်ဆောင် နိုင်ရန်    မူဝါဒများကို   အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို ထောက်ပံ့ပေးနိုင်ရန်အတွက် ဖြစ်သည်။
ဆက်စပ်အစည်းအဝေးများဖြစ်သော (၅) ကြိမ်မြောက် အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာ စားသုံး သူရေးရာ   အစီအစဉ်ဆွေးနွေးပွဲနှင့်  အာဆီယံ-ဂျာမန် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအတွက် (၉) ကြိမ်မြောက် စီမံကိန်းဦးဆောင်ကော်မတီ အစည်း အဝေးတို့ကို မေ ၁၇ ရက်တွင် ကျင်းပခဲ့သည်။ 
အဆိုပါ အစည်းအဝေးများတွင် အာဆီယံ- သြစတြေးလျ-နယူးဇီလန်  လွတ်လပ်သောကုန် သွယ်မှု ဒေသစားသုံးသူရေးရာ အစီအစဉ်အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ စားသုံးသူကာကွယ် ရေး အဖွဲ့အစည်းများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေများ ခိုင်မာအားကောင်းလာစေရေးအတွက် ထောက်ပံ့ပေးနေမှုများ၊  စားသုံးသူရေးရာအစီ အစဉ်အဆင့် (၃)အရ စားသုံးသူကာကွယ်ရေးလုပ် ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အကူအညီပေးအပ်သွားမည့်  အစီအစဉ်များ၊ ဂျာမနီနိုင်ငံအခြေစိုက် နည်းပညာအကူအညီပေး အပ်သည့်    အဖွဲ့အစည်း (ွှုဇ) က  အာဆီယံ စားသုံးသူကာကွယ်ရေးမဟာဗျူဟာ လုပ်ငန်းစီမံ ချက်  (၂၀၁၆-၂၀၂၅) ပါ    လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံ    စားသုံးသူကာကွယ်ရေးကော်မတီ အဖွဲ့ဝင် နိုင်ငံများအား လိုအပ်သည့်အကူအညီများ ထောက်ပံ့ပေးသွားမည့်အစီအစဉ်များအား ဆွေး နွေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီ     အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ အာဆီယံစားသုံးသူကာကွယ်ရေး မဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) ပါ လုပ်ငန်းများကို   အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်ပြီး နိုင်ငံအဆင့်  ဆောင်ရွက်ရမည့် လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်သည်။ စားသုံးသူအကာအကွယ်ပေး ရေးလုပ်ငန်းများကို  ပိုမိုထိရောက်အောင်မြင်စွာ  ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ အစိုးရမဟုတ်သော စားသုံးသူကာကွယ် ရေးအသင်းအဖွဲ့များနှင့် ပုဂ္ဂလိကကဏ္ဍမှ အသင်း အဖွဲ့များ စသည့် ကဏ္ဍစုံမှ သက်ဆိုင်သူများနှင့် ပူးပေါင်း၍    ဆောင်ရွက်သွားရမည်ဖြစ်သည်။ အစိုးရမဟုတ်သော    စားသုံးသူကာကွယ်ရေး အသင်းအဖွဲ့များ ဖြစ်ပေါ်တိုးတက်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အားပေးဆောင်  ရွက်ခြင်းနှင့်   စားသုံးသူကာကွယ်ရေးဥပဒေနှင့် မူဝါဒဖွံ့ဖြိုးတိုးတက်စေခြင်း စသည့် လုပ်ငန်းများ ကို   ဆောင်ရွက်သွားရမည်။  အွန်လိုင်းစနစ်ဖြင့် စားသုံးသူ  အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းများ၊ နိုင်ငံဖြတ်ကျော် စားသုံးသူအရေးယူဆောင်ရွက် မှုလုပ်ငန်းများ အပါအဝင် စားသုံးသူများအတွက်  ထိရောက်သော စားသုံးသူအရေးယူဆောင်ရွက် မှုယန္တရားများ ဖွံ့ဖြိုးတိုးတက်လာစေရေးလုပ်ငန်း  များကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ဝင်းစုခိုင်(စားသုံး)