Main menu

Background

Hydrogen Electrical Energy Exhibition 2023 (HEY 2023) သို့ မြန်မာမှလုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား

Mon, 06/05/2023 - 11:28 -- journal_editor

ကိုရီးယားသမ္မတနိုင်ငံH Ulsan NrdKU, Ulsan Exhibition Convention Center (UECO)  ၌ နိုဝင်ဘာ ၁ ရက် မှ  ၃ ရက် အထိ ပြုလုပ်မည့်Hydrogen Electric Energy Exhibition 2023 (HEY 2023) သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားထားသည်။  အဆိုပါပြပွဲသည် အနာဂတ်တွင် Hydrogen  Electric  Energy နှင့် Full Cell Industries    တို့အကြား အပြန်အလှန် မှီခိုသည့် ဂေဟစနစ်တစ်ခုကို ဖန်တီးပေးကာ ယင်းကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေး ဦးဆောင်ပေးနိုင်မည့် ပြပွဲတစ်ခုဖြစ်ကြောင်း၊ ပြပွဲသို့ ကုမ္ပဏီစုစုပေါင်း ၁၀ဝ ခန့်မှ ပြခန်း ၄၀ဝ ခန့် လာရောက်ခင်းကျင်းပြသရန် စီစဉ်ထားရှိပြီး ဧည့်သည်ဦးရေ ၁၀ဝ၀ဝ ခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ 
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ်-moctradefair @myantrade.gov.mm,   ဖုန်း- ဝ၆၇-၄၀၈၆၂၂၊ ဝ၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရသည်။    

                       MOC(IR)