Main menu

Background

ဂျပန်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဆိုင်ရာ ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းများ ပါဝင်ပြသရန် ဖိတ်ကြား

Mon, 06/05/2023 - 11:40 -- journal_editor

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိTokyo Big Sight East Hall 5  ၌ ဇွန် ၂၁ ရက်မှ ၂၃ ရက်အထိကျင်းပမည့် 35th Manufacturing World Japan- New  Value  Creation  Exhibition in Mechanical Components and Materials Technology Expo 2023  သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားထားသည်။
အဆိုပါပြပွဲသည် ဂျပန်နိုင်ငံ၏ အကြီးဆုံးဖြစ်သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ ပြပွဲတစ်ခုဖြစ်ကြောင်း၊ ယင်းပြပွဲတွင် စက်နှင့် စက်ကိရိယာ အပိုပစ္စည်းများနှင့် ထုတ်လုပ်မှု နည်းပညာများကို ပြသမည် ဖြစ်ကြောင်း၊ ပြပွဲတွင် ပြခန်းပေါင်း ၁၇၅၀ ခန်း ပါဝင်ပြသမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ပြခန်းများ ပြသလိုပါက ပါဝင်ပြသနိုင်ရန်SME Support Japan က ဖိတ်ကြားထားကြောင်း သိရှိရသည်။ 
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့်  စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ်- moctradefair@myantrade.gov.mm ၊ ဖုန်း-ဝ၆၇-၄၀၈၆၂၂ ၊ ဝ၆၇-၄၀၈၆၂၃ သို့ ဆက် သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရသည်။

MOC(IR)