Main menu

Background

Guangdong and Macao Branded Products Fair 2023 (GMBPF) သို့ မြန်မာနိုင်ငံမှ စီးပွာရေးလုပ်ငန်းများ ပါဝင်ပြသရန်ဖိတ်ကြား

Mon, 06/05/2023 - 11:42 -- journal_editor

မကာအိုအထူးအုပ်ချုပ်ရေးဒေသ မကာအိုမြို့ရှိ Galaxy International Convention Center  ၌ ဇူလိုင် ၂၇ ရက်မှ ၃၀ ရက်အထိ (၁၅) ကြိမ်မြောက် ကျင်းပပြုလုပ်မည့် မကာအိုနှင့် ကွမ်တုံဒေသ ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲ - ၂၀၂၃ (  15th Guangdong and Macao Branded Products Fair 2023 – GMBPF) သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ ပါဝင်ပြသနိုင် ကြောင်း ဖိတ်ကြားထားသည်။ 
အဆိုပါပြပွဲ၌ မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာထုတ်ကုန်များ၊ အိမ်သုံးပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ ကျောက် မျက်ရတနာများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာနှင့် အခြားကုန်စည်များအား လာရောက်ပြသနိုင်မည်ဖြစ်ပြီး ကွမ်တုံ-ဟောင်ကောင်-မကာအိုဒေသနှင့် မြန်မာနိုင်ငံတို့အကြား ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်မည်ဖြစ်ကာ အပြန် အလှန် စီးပွားရေးချိတ်ဆက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအား ဗဟိုပြု၍ တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတစ်လျှောက်ရှိ အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်GMBPF ပြပွဲ၏ မြန်မာနိုင်ငံဆိုင်ရာပြခန်းတွင် မြန်မာနိုင်ငံ  စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြခန်းပေါင်း  ၂၀  ခန်း ရရှိမည်ဖြစ်ကြောင်း၊ ပြခန်းတစ်ခန်းအတွက် မကာအိုဒေါ်လာ ၁၄၀ဝ (အမေရိကန်ဒေါ်လာ ၁၇၄ ဒသမ ၄၅) ကို ပေးသွင်းရမည်ဖြစ်ကြောင်း၊ ပါဝင်ပြသသူ တစ်ဦးလျှင် ပြခန်းတစ်ခန်းရရှိမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုထားသော ပြခန်းတစ်ခန်းစီ အတွက် လာရောက်ပြသမည့် ကုန်စည်များတင်ပို့ရန် (အပြန်သယ်ယူပို့ဆောင်စရိတ်မပါ) မကာအိုဒေါ်လာ ၃၀ဝ၀ ထောက်ပံ့ မည်ဖြစ်ကြောင်းနှင့် အဆိုပါထောက်ပံ့ငွေများအား ပြပွဲစီစဉ်သူများထံ ကုန်တင်ပို့မှု ပြေစာများ ပြသ၍ ပြန်လည်ထုတ်ယူ နိုင်ကြောင်း သိရှိရသည်။ 
ပြပွဲလာရောက်သူများအတွက် သတ်မှတ်ထားသည့် ဟိုတယ်များတွင် ငါးညတာ တည်းခိုနေထိုင်ရန်နှင့် သတ်မှတ် ဟိုတယ်နှင့် ပြပွဲခန်းမအကြားသွားရောက်ရန် မော်တော်ယာဉ်စီစဉ်ပေးထားမည်ဖြစ်သည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် -moctradefair@myantrade.gov.mm  ၊ ဖုန်း-ဝ၆၇-၄၀၈၆၂၂ ၊ ဝ၆၇-၄၀၈၆၂၃ တို့သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရသည်။            

 

MOC(IR)