Main menu

Background

ဟိုင်နန် အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ အစားအစာများဆိုင်ရာ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ ပါဝင်ပြသရန်ဖိတ်ကြား

Mon, 06/05/2023 - 11:44 -- journal_editor

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ်Hainan International Convention and Exhibition Center  ၌ ၂၀၂၃ ခုနှစ်  အောက်တိုဘာ ၁၂ ရက် မှ ၁၅ ရက်အထိ ပထမအကြိမ် ကျင်းပပြုလုပ်မည့် ဟိုင်နန်အပြည်ပြည်ဆိုင်ရာ အပူပိုင်း ဒေသအစားအစာများဆိုင်ရာ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေ းလုပ်ငန်းများ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားထား သည်။ 
အဆိုပါပြပွဲ၌   နိုင်ငံတကာအဆင့်မီ  ပြခန်းပေါင်း  ၂၅၀ဝ ပါဝင်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ ဒေသထွက် စားသောက်ကုန်များ ပါဝင်ပြသနိုင်မည်ဖြစ်သည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုး ရေးဌာနခွဲ အီးမေးလ် moctradefair@myantrade.gov.mm ၊ ဖုန်း -ဝ၆၇-၄၀၈၆၂၂၊ ဝ၆၇-၄၀၈၆၂၃ တို့သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရသည်။        

   MOC(IR)