Main menu

Background

ဤကမ္ဘာ့မြေသာယာဖို့ အမှိုက်များကို စနစ်တကျစွန့်ပစ်ကြပါစို့

Mon, 06/05/2023 - 14:08 -- journal_editor

လူဦးရေထူထပ်သော မြို့များ(တစ်စတုရန်း မိုင်တွင် လူဦးရေ ၅၀ဝကျော်ရှိသော)နှင့်  စက်မှု ဖွံ့ဖြိုးသောမြို့များတွင် စနစ်တကျ အမှိုက်စွန့်ပစ် ရန်   လိုအပ်ကြောင်း ကျွမ်းကျင်ပညာရှင်များက လေ့လာ သုံးသပ်ထားသည်။   အမှိုက်စွန့်ပစ်မှု စနစ်မကျ၍   ရင်နင့်ဖွယ်ဖြစ်ခဲ့ရပုံများကို  ကမ္ဘာ့ နိုင်ငံများတွင် ကြုံတွေ့ခံစားခဲ့ကြရသည်။  မြေဆီ လွှာ အရည်အသွေး ကျဆင်းခြင်း၊   စီးရေနှင့် မြေ အောက်ရေ ညစ်ညမ်းခြင်း၊ လေကောင်းလေသန့် ဆုံးရှုံးခြင်း၊ ပင်လယ်နှင့် မြစ်ချောင်းများရှိ  ရေနေ သတ္တဝါများ  သေကြေပျက်စီးကြခြင်းတို့မှာလည်း အမှိုက်စွန့်ပစ် စီမံခန့်ခွဲမှု  အားနည်းရခြင်း၏ရလဒ် များဖြစ်သည်။ စီမံခန့်ခွဲမှုတွင်  အမှိုက်ကို စီမံခန့်ခွဲ ခြင်းနှင့် အမှိုက်စွန့်ပစ်မည့်နေရာကို  စီမံခန့်ခွဲခြင်း ဟူ၍ အပိုင်းနှစ်ပိုင်းရှိသည်။
အမှိုက်ကို   စီမံခန့်ခွဲရာတွင်  အမှိုက်အမျိုး အစား၊ အမှိုက်ထွက်ရှိရာ    ဇာစ်မြစ်နှင့် အမှိုက်၏ ထူးခြားသည့် ဂုဏ်သတ္တိများကို  ဦးစွာသိထားရန် လိုအပ်သည်။   အမှိုက်သည်  စိတ်ဝင်စားဖွယ် ကောင်းသော လျှို့ဝှက်ဆန်းကြယ်သော အရာဝတ္ထု တစ်ခုပင်ဖြစ်သည်။ အမှိုက်ကို အငွေ့၊  အရည်နှင့် အစိုင်အခဲအဖြစ် တွေ့နိုင်သည်။ အချို့အမှိုက်များ က သက်တမ်းတိုသည်။ ရက်ပိုင်း၊  လပိုင်းနှင့် ဆွေး မြည့်  ပျက်စီးသွားနိုင်ပြီး နှစ်လများစွာကြာသည့် တိုင် အလွယ်တကူ   မဆွေးမြည့်နိုင်သည့် အချို့ အမှိုက်များက ရေထဲ၊ လေထဲ၊မြေဆီလွှာထဲ၊ငါးများ ၏ ခန္ဓာကိုယ်ထဲမှာ တွေ့နိုင်သည်။ အချို့ အမှိုက် များကို မြေဆီမြေသြဇာပြုလုပ်နိုင်ပြီး အချို့အမှိုက် များကို နည်းပညာအသုံးပြု၍ပစ္စည်းသစ် ပြန်လည် ထုတ်လုပ်နိုင်သည်။
အမှိုက်ပြဿနာဖြေရှင်းရန်၊ အမှိုက်ဖြစ်ပေါ် မှု လျော့နည်းစေရန်  ဆောင်ရွက်နိုင်သည့် နည်း လမ်း အမျိုးမျိုးရှိသည်။ ပစ္စည်းတစ်ခုကို  အကြိမ် ကြိမ်  သုံးသင့်သည်၊ ဟောင်းပြီဟူ၍ မပစ်သင့်ပါ။ ကျန်းမာရေးကဏ္ဍကလွဲပြီး  တစ်ခါသုံးပစ္စည်းများ ကို မသုံးသင့်ပါ၊  အားမပေးသင့်ပါ။    တစ်ခါသုံး ပလတ်စတစ်အိတ်များအစား အကြိမ်ကြိမ် သုံးနိုင် သောချည်အိတ်၊ကြိမ်ခြင်းနှင့်ဆွဲခြင်းများကို အသုံး ပြုသင့်သည်။ ဤနည်းကို ပြန်လည်အသုံးပြုခြင်း (Reuse)ဟုခေါ်သည်။ စက္ကူ၊ သံ၊ သံဖြူ၊ ပလတ် စတစ်နှင့်   ဖန်ထည်ပစ္စည်း   အဟောင်းများကို စုစည်း၍ နည်းပညာအသုံးပြုပြီး ပြန်လည်  ထုတ် လုပ်နိုင်သည်။   ဤနည်းကို  ပြန်လည်ထုတ်လုပ် ခြင်(းRecycle)ဟုခေါ်သည်။ထိုပစ္စည်းအဟောင်း အဝယ်ဆိုင်များသည်    မြို့၊ ရွာတိုင်း၌ ရှိသည်။ စစ်ကိုင်းမြို့တွင်လည်း       ရပ်ကွက်တစ်ခုတွင် အဟောင်းပစ္စည်းများ   ပြန်လည်ဝယ်ယူသည့်ဒိုင် နှစ်ခုခန့်ရှိသည်။ ဝယ်ယူရာတွင် နေရာအထိုင်ချ ၍ အချိန်အတွယ်ဖြင့်  ဝယ်ယူသည့်စနစ်ရှိသလို ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဖြင့် ရပ်ကွက် အနှံ့ဒေသအနှံ့ လိုက်လံဝယ်ယူကြသည်။  စွန့်ပစ် ပစ္စည်းများကို စည်ပင်သာယာမှ ရပ်ကွက်အလိုက် ချထားသည့် အမှိုက်ပုံးများတွင် လာရောက်စွန့်ပစ် သည့်အမှိုက်များမှပြန်လည်အသုံးချနိုင်သည့်ပစ္စည်း များကို ရွေးချယ်ကောက်ယူခြင်း၊ ရပ်ကွက်အလိုက် လမ်းများအလိုက် စွန့်ပစ်ပစ္စည်းများကို  လိုက်လံ ကောက်ယူပြီး အဝယ်ဒိုင်များသို့ ပြန်လည်ရောင်းချသည့်သူများလည်းရှိသည်။ 
စစ်ကိုင်းမြို့တွင်   စွန့်ပစ်ပစ္စည်း  ပြန်လည် ဝယ်ယူသည့် အဝယ်ဒိုင်၂၀ ခန့်ရှိကြောင်း   သိရ သည်။ ၎င်းအဝယ်ဒိုင်များမှစွန့်ပစ်ပစ္စည်းပြန်လည် ဝယ်ယူသည့် ပစ္စည်းဈေးနှုန်းများမှာ ဂျပ်စက္ကူ (လူ သုံးကုန် ထုပ်ပိုးပစ္စည်း)တစ်ပိဿာ  ကျပ်၄၀ဝ၊ သွပ်/သံ(ထူ၊ပါး)  တစ်ပိဿာ ကျပ် ၁၂၀ဝ၊ ၁၀ဝ၀၊ ၇၀ဝ၊ ဖန်ပုလင်းမျိုးစုံ ကျပ်၁၁၅၊ ၇၀၊ ၅၀၊၁၀၊ ကြေး တစ်ပိဿာ ကြေးနီ   ကျပ်၂၇၀ဝ၀၊ ကြေးဝါ ကျပ် ၂၀ဝ၀ဝ၊ ဒန်တစ်ပိဿာ ကျပ် ၅၀ဝ၀၊ သတ္တုတစ် ပိဿာ ကျပ် ၆၅၀ဝ၊ ပလတ်စတစ်   ရေသန့်ဘူးခွံ တစ်ပိဿာ ကျပ်၈၀ဝ တို့ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အခြားမြို့ကြီးများတွင်လည်း စက်မှုကုန်ကြမ်းများကို အဟောင်းဝယ်ရောင်းဆိုင် များမှ  အလွယ်တကူ  ရရှိကြသည်။ ထိုဆိုင်များ၏ ကုန်စည်စီးဆင်းမှုမှာ      အံ့သြလောက်အောင် ကောင်းမွန်ကြောင်း လေ့လာသိရှိရသည်။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်     များစွာ အထောက်အကူပြုနေသော ပစ္စည်းဟောင်း  ဝယ် ရောင်းဆိုင်များ၏ ရင်းနှီးမြှုပ်နှံသည့်  ငွေပမာဏ မှာ ကျပ်သိန်း၂၀ခန့်ဖြင့် စတင်နိုင်သည့်အတွက် ပစ္စည်းဟောင်းဝယ်ရောင်းဆိုင်များ    ပိုမိုဖွံ့ဖြိုးတိုး တက်အောင် အားပေးကူညီသင့်သည်။
မိသားစုများနှင့် ဈေးများမှ နေ့စဉ်ထုတ်လုပ် လျက်ရှိသော ဇီဝအမှိုက်များသည် အချိန်ကြာလျှင် သဘာဝအလျောက် ဆွေးမြည့်ပြီး  မြေသြဇာအဖြစ် အသုံးပြုနိုင်သည်။ ဇီဝအမှိုက်များကို  နည်းပညာ အသုံးပြုပြီး မြေသြဇာပြုလုပ်ခြင်းကို ရောစပ်ထား သည့် မြေသြဇာ(ခသာစသျအငညါ)ဟု ခေါ်သည်။ ဇီဝ ဓာတ်ငွေ့ကို ထုတ်ယူနိုင်သည်။ အချို့အမှိုက်များ ကိုမီးရှို့ရှင်းလင်းသည်။အချို့နိုင်ငံများတွင် အမှိုက် မီးရှို့စက်များသုံးသည်။ ခေတ်မီစက်များက လေထု ညစ်ညမ်းစေသော ဓာတ်ငွေ့များကို ထိန်းချုပ်နိုင် သည်။ မီးမလောင်နိုင်သော ပစ္စည်းများကို ထုတ် ပေးနိုင်သည်။
မည်သို့ပင်ဖြစ်စေ အမှိုက်များကို လျှော့၍ ရမည်မဟုတ်ပါ၊ သို့သော် အမှိုက်ကင်းစင်သော လူနေမှုစနစ် ဖြစ်ပေါ်လာနိုင်ရေးအတွက် ထုတ် လုပ်သူများနှင့် သုံးစွဲသူများက မလွဲမသွေ ဝိုင်းဝန်း ကြိုးပမ်းရမည့်မှာ  သမိုင်းပေး တာဝန်တစ်ရပ်ဖြစ် ပါသည်။ သို့ပါ၍ ဤကမ္ဘာမြေ သာယာဖို့ အမှိုက် များကို နည်းစနစ်မှန်ကန်စွာဖြင့် စွန့်ပစ်၊ ပြန်လည် သုံးစွဲကြပါစို့ဟု     တိုက်တွန်းရေးသားလိုက်ရပါ သည်။
 

သန်းသန်းတင်(မုံရွာ)