စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Export Promotion Task Force)၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို ဦးဆောင်၍ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်တို့လိုက်ပါ၍ ဇွန် ၁၀ ရက်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ ကော်ဖီ အသင်း၊ ရွာငံကော်ဖီစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင်Task Force အဖွဲ့မှ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်း၊ တောင်သူ များ၊ သမအသင်း၊ ကော်ဖီအသင်းများမှ လုပ်ငန်းလိုအပ်ချက်၊ အခက် အခဲများကို တင်ပြခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခဲ့သည်။
ထို့နောက် အဖွဲ့ဝင်များသည် ဉာဏ်ကြီးရှင်နှင့် ရွှေသိင်္ဂီကော်ဖီ လုပ်ငန်းများ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အလားတူ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(Export Promotion Task Force)၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို ဦးဆောင်၍ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်တို့သည် ဇွန် ၁၁ ရက်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပွဲရုံလုပ်ငန်း ရှင်များ၊ ဆန်အစုအဖွဲ့၊ ပြောင်းအစုအဖွဲ့၊ အာလူးအစုအဖွဲ့၊ ထောပတ် အစုအဖွဲ့၊ ပင်မှည့်အစုအဖွဲ့၊ ငရုတ်သီးအစုအဖွဲ့၊ နာနတ်အစုအဖွဲ့၊ ကော်ဖီအစုအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
Task Force အဖွဲ့မှ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်း လင်းဆွေးနွေးခြင်း၊ ဒေသခံလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့၊ အစုအဖွဲ့များ မှ လုပ်ငန်းလိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြခဲ့ကြပြီး တာဝန်ရှိ သူများက ပြန်လည်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ အဖွဲ့ဝင်များသည် ဟိုပုံးမြို့ရှိ Coffee Neo စက်ရုံ လုပ်ငန်းဆောင်ရွက်နေမှု များနှင့် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ သည်။
ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး (Export Promotion Task Force) အဖွဲ့မှ တောင်ကြီးမြို့တွင် ဇွန် ၁၂ ရက်က ကြီးမှူးကျင်းပသော ပြည်ပပို့ကုန်မြှင့်တင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
ပြည်ပပို့ကုန် တိုးမြှင့်တင်ပိုမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေး အသင်းအဖွဲ့များ၊ သီးနှံအစုအဖွဲ့များ၊ လုပ်ငန်းရှင်များက လုပ်ငန်းလိုအပ်ချက်၊ အခက်အခဲများကိုတင်ပြခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်ပိုင်ဦး