Main menu

Background

ဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များအပေါ်  ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များအား  ရှင်းလင်းဆွေးနွေး

Mon, 06/19/2023 - 14:40 -- journal_editor

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအား ပိုမိုနားလည်သိရှိစေရန် ရှင်း လင်းဆွေးနွေးပွဲကို ဇွန်  ၇ ရက်က ရန်ကုန်မြို့ရှိ  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ်တွင် ကျင်းပခဲ့သည်။
"ပုဂ္ဂလိကလုပ်ငန်းရှင်များ မရှင်းလင်းတဲ့ ကိစ္စရပ်များနဲ့ ဘဏ်တာဝန်ရှိသူများအကြားတွင် မိမိတို့လုပ်ငန်းကော်မတီ အနေနဲ့  ချိတ်ဆက်ဆွေးနွေးပေးခြင်း ဖြစ်ပါတယ်၊ ပုဂ္ဂလိက ကဏ္ဍမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲများ၊  အခြေအနေများနဲ့ ဘဏ်ဘက်ကလည်း သူတို့ဆောင်ရွက်နေသည်များကို  ရှင်း လင်းတင်ပြမှာဖြစ်ပါတယ်၊ တက်ရောက်လာသည့် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များကိုလည်း ရှင်းရှင်းလင်းလင်း တိတိကျကျ သိစေချင်တာ ဖြစ်ပါတယ်"ဟု ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမိုးမြင့်က  အဆိုပါဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
"ဗဟိုဘဏ်ရဲ့  ထုတ်ပြန်ချက်တွေကို ပုဂ္ဂလိကဘဏ်များကလည်း ရှင်းရှင်းလင်းလင်းနားလည်ပြီး   ထုတ်ပြန်ချက်များကို လုပ်ငန်းရှင်များကလည်း သိရှိနားလည်မယ်ဆိုရင် ပုဂ္ဂလိကဘဏ်နဲ့ လုပ်ငန်းရှင်တွေအကြား ဆက်သွယ်လုပ်ကိုင်ဆောင်ရွက်ရာမှာ အဆင်ပြေမယ်၊ ဒါကြောင့်မို့ အသင်းချုပ်အနေနဲ့  ကုန်သွယ်မှုနှင့်  ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ၊ ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်များ၊ လုပ်ငန်း ကဏ္ဍအလိုက် အသင်းအဖွဲ့များနဲ့ လုပ်ငန်းရှင်များအားလုံး ပေါင်းစုတွေ့ဆုံပြီး ပွင့်လင်းစွာဆွေးနွေးကြမဲ့ ဒီအစီအစဉ်ကို ဖြစ်မြောက်အောင် ဝိုင်းဝန်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်" ဟု UMFCCI  အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဖြူပြာက ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ တစ်ချက်ချင်းစီကို ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့် ပုဂ္ဂလိကဘဏ်များ နားလည်သဘောပေါက်စေရေး အသေးစိတ်  ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များမှ မရှင်းလင်းသည့် အချက် များ မေးမြန်းသည့်အပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်း မှု မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမိုးမြင့်၊ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်   ဒေါ်ခိုင်ခိုင်နွယ်၊   မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ    စီမံခန့်ခွဲမှုဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဖြူပြာ၊ မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ ပို့ကုန် /သွင်းကုန် လုပ်ငန်းရှင်များ၊ ညီနောင်အသင်းအဖွဲ့များ၊ ကုမ္ပဏီများမှကိုယ်စားလှယ် များ၊ KBZ, CB, UAB, AYA, YOMA, MCB, မြန်မာ့ရှေ့ဆောင်ဘဏ်များအပါအဝင် ပုဂ္ဂလိကဘဏ် အများအပြားမှ တာဝန်ရှိသူများ စုစုပေါင်း တက်ရောက်သူဦးရေ ၁၀ဝ ကျော် ရှိခဲ့ကြောင်း သိရသည်။                                              

လူ့တလူ