Main menu

Background

စတော့ရှယ်ယာတန်ဖိုး ကျပ်သန်း ၂၃၀ ကျော်  အရောင်းအဝယ်ဖြစ်ခဲ့

Tue, 06/20/2023 - 10:30 -- journal_editor

ဇွန် ၁ ရက်မှ ၁၄ ရက်အထိ  စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး  ကျပ်သန်း၂၃၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိပ်ချိန်း (YSX) မှ သိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာ အစောင် ရေ စုစုပေါင်း ၉၃၇၄၁ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၂၃၃ ဒသမ ၂၆ သန်း ရှိခဲ့ ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI) က အစုရှယ်ယာ ၈၃၈၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးကျပ် ၆၇ ဒသမ ၁၇ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH)  က အစုရှယ်ယာ ၂၃၂၇၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆၆ ဒသမ ၇၆ သန်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB)  က အစုရှယ်ယာ ၆၉၆ ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅ ဒသမ ဝ၆ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ် ယာ ၅၈၉၃၃ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၈၅ ဒသမ ၇၇ သန်းရရှိခဲ့သည်။
ထို့အတူ TMH Telecom Public (TMH) က အစုရှယ်ယာ ၂၈၇ ရောင်းချနိုင် ခဲ့ပြီး တန်ဖိုး ကျပ် ဝ ဒသမ ၇၁ သန်း၊ Ever Flow River  Group Public (EFR) က အစုရှယ်ယာ ၁၁၁၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂ ဒသမ ၇၅ သန်း၊ Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၁၀၅၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅ ဒသမ ဝ၅ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ပန်းဆု