Main menu

Background

စစ်ကိုင်းစက်မှုဇုန်ရှိ အသေးစား စားသောက်ကုန်လုပ်ငန်းအကြောင်း တစေ့တစောင်း

Tue, 06/20/2023 - 15:36 -- journal_editor

စစ်ကိုင်းစက်မှုဇုန်၌ စားသောက်ကုန် ထုတ်လုပ်သည့် စက်ရုံ  ကိုးရုံရှိသည့်အနက် Global  Distribution Partner  လုပ်ငန်းသည် အသင့်စား စားသောက်ကုန်ဖြစ်သော  ရှမ်း ခေါက်ဆွဲသုပ်၊ ဆီချက်ခေါက်ဆွဲနှင့်  တိုဟူးနွေးတို့ကို  ထုတ် လုပ်သော လုပ်ငန်းတစ်ခုဖြစ်သည်။   လုပ်ငန်းကို ၂၀၂၁ခုနှစ် စက်တင်ဘာလက မတည်ရင်းနှီးငွေ ကျပ်သိန်း  ၅၀ဝခန့်ဖြင့် စတင်ခဲ့သည်။ စက်ရုံ၌ ကုန်ကြမ်းဆန်  ခေါက်ဆွဲခြောက်များ အား ကိုယ်တိုင်ပြုလုပ်ပြီး ပဲငါးပိကို သီပေါမြို့မှလည်းကောင်း၊ ကြက်သွန်ဖြူကြော်နှင့် မြေပဲလှော်အား   မန္တလေးမြို့မှလည်း ကောင်း ဝယ်ယူကြောင်း သိရသည်။ 
ကုန်ကြမ်း ဆန်ခေါက်ဆွဲကို ရွှေရှမ်း ဆန်ခေါက်ဆွဲစက် အမည်ဖြင့် လုပ်ငန်းခွဲခြား၍ သီးသန့်ပြုလုပ်သည်။ ဆန်ခေါက် ဆွဲပြုလုပ်သည့် ဆန်(လတ်)အမျိုးအစားမှာ သုခနှင့် ဧရာပဒေ သာ ဆန်များဖြစ်သည်။ တစ်ရက်လျှင် ပျမ်းမျှ တစ်တင်းခွဲဝင် အိတ် လေးအိတ်ခန့် အမှုန့်ကြိတ်ခြင်း၊ ရေဖြင့် ရောနှောကာ အနှစ်ချခြင်း၊ နန်းပြားဆွဲခြင်း၊ နန်းမျှင်ဆွဲခြင်းများကို ခေတ်မီ စက်များဖြင့် ဆောင်ရွက်ခြင်းဖြင့်   ဆန်ခေါက်ဆွဲအခြောက် ပိဿာ ၈၀ ခန့်ထွက်ရှိပြီးGlobal  Distribution Partner လုပ်ငန်းသို့ ကုန်ကြမ်းမုန့်ဖတ်ခြောက်များ လွှဲပြောင်းပေးပို့သည်။ 
Global  Distribution Partner လုပ်ငန်း၏   ကုန်ချော တစ်ရက် ထုတ်လုပ်နိုင်မှု ပမာဏမှာ ရှမ်းအိုးစည် အသင့်စား ရှမ်းခေါက်ဆွဲသုပ်၊ ရွှေမန်းသား အသင့်စား ဆီချက်ခေါက်ဆွဲ နှင့် တိုဟူးနွေး အထုပ် ၁၀ဝ ပါ ဂျပ်ဖာ၂၇ဖာမှ၃၀ဖာထိ ထုတ် လုပ်နိုင်ကြောင်း သိရသည်။ ရှမ်းအိုးစည် အသင့်စားရှမ်းခေါက် ဆွဲသုပ်၊ ရွှေမန်းသား အသင့်စား ဆီချက်ခေါက်ဆွဲနှင့် တိုဟူး နွေးတို့၏ဈေးနှုန်းမှာ အထုပ် ၁၀ဝ လျှင်   ဖောက်သည်ဈေး ကျပ် ၆၁၀ဝ၀ ဖြင့် ရောင်းချကြောင်း သိရသည်။ 
ထွက်ရှိကုန်ချောများကို မန္တလေးမြို့မှတစ်ဆင့် မြန်မာ ပြည်အနှံ့သို့  ကိုယ်စားလှယ်များဖြင့် တင်ပို့ရောင်းချကြောင်း သိရှိရသည်။ အလုပ်သမား ၂၅ ဦးခန့်အား  အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားနိုင်ပြီးလုပ်သားခအနေဖြင့် သုံးလ အစမ်းခန့်အား တစ်ဦးတစ်လလျှင်   ကျပ်တစ်သိန်း၊ သုံးလ ကျော်ပါက ကျပ်တစ်သိန်းခွဲမှ ကျပ်တစ်သိန်းခြောက်သောင်းထိ ပေးချေကြောင်း သိရသည်။
ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာ ဖြစ်သည်ဟုဆိုသော ယခုကာလတွင် ခေတ်မီသော လူသားတိုင်း ဆရာမြို့မငြိမ်း၏ လူချွန်လူကောင်း သီချင်းပါ စာသားအတိုင်း ခေတ်မီမီ ကမ္ဘာ ကြီးကို ရှုမြင်သူ များပြားနေသည်မှာ အားလုံးအသိပင် ဖြစ် သည်။ လူသားတို့၏အခြေခံ လိုအပ်ချက်ဖြစ်သော စားရေး၌ အချိန်ပေးနိုင်သူနည်းပါးလာသည်ကိုတွေ့ရသည်။ ထို့အတွက် အသင့်စားသောက်နိုင်သော အစားအစာများဖြစ်သည့် ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည်မျိုးစုံ၊ အသင့်စားခေါက်ဆွဲ/ မုန့်ဟင်းခါး စသည်တို့ကို စားသုံးမှု ပုံစံပြောင်းလာကြောင်း တွေ့ရှိရသည်။ သို့ဖြစ်၍ Global Distribution Partner  လုပ်ငန်းမှ ထုတ်လုပ်သည့်  အသင့်စား ရှမ်းခေါက်ဆွဲ/ ဆီချက် ခေါက်ဆွဲ/ တိုဟူးနွေးတို့သည် အနာဂတ်တွင် ဈေးကွက်ဝေစု ပိုမိုရရှိကာ ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ပိုမိုတိုးတက် လာနိုင်မည်ဖြစ်ကြောင်း   လေ့လာသုံးသပ်တင်ပြလိုက်ရပါ သည်။    
သန်းသန်းတင်(မုံရွာ)