Main menu

Background

ဆန်စပါးနှင့် ကြိတ်ခွဲစက်

Wed, 06/21/2023 - 12:21 -- journal_editor

ဆန်စပါးသည် မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာကပင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် အဓိကစားကုန်၊ စားနပ်ရိက္ခာတစ်မျိုးဖြစ်သည်။  စက်ယန္တရားများ  မပေါ်ပေါက်သေးသည့် အချိန်ကာလ ကတည်းကပင် နည်းမျိုးစုံဖြင့် စပါးကို ဆန်ဖြစ်အောင် ပြုလုပ်စား သောက်ခဲ့ကြသည်။ လက်ဆုံ၊ မောင်းဆုံတို့ဖြင့် ထောင်း၍  ဆန်ဖြစ် အောင် ပြုလုပ် စားသုံးခဲ့ကြသည်။ ၁၈၆၀ ပြည့်နှစ်ခန့်တွင် အင်္ဂလန် နိုင်ငံမှ ပညာရှင်နှစ်ဦးက ဆန်စက်ကို တီထွင်ထုတ်လုပ်ခဲ့ကြပြီး ဆန် စက်ဖြင့် စပါးကို ကြိတ်ခွဲလာခဲ့ကြရာ ယခုအခါတွင် ခေတ်မီဆန်စက် များ များစွာပေါ်ထွက်လာ၍ ဆန်စက်ဖြင့်သာ စပါးကြိတ်ခွဲခြင်းကို ပြုလုပ်ကြသည်။
လူသားများအတွက် အဓိကလိုအပ်ချက်မှာ  စားနပ်ရိက္ခာဖြစ် သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း  စားနပ်ရိက္ခာဖူလုံရေးအတွက် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ကြသည်။ ထိုသို့ စားနပ်ရိက္ခာအတွက် သီးနှံများ စိုက်ပျိုးကြရာတွင် စပါးသည် အဓိကကြသော သီးနှံတစ်ခုဖြစ်သည်။ သီးနှံများ စိုက်ပျိုးကြရာတွင် လည်း အထွက်တိုး၍ အရည်အသွေး ကောင်းမွန်စေရန် ခေတ်မီသော သိပ္ပံနည်းစနစ်များဖြင့် ဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံတွင် စိုက် ပျိုးခဲ့ကြသော စပါးမျိုးကွဲပေါင်း ၁၀ဝ၀ ခန့်ရှိရာ သက်တမ်း ရက် ၁၀ဝ ရက်မှ  ၁၅၀ ရက်ထိရှိသော မျိုးစပါးများကို ကောက်လျင် ရက်ပေါင်း  ၁၅၀ မှ ၁၇၀ ထိရှိသော မျိုးစပါးများကို ကောက်လတ်၊  ရက်ပေါင်း ၁၇၀ အထက်ရှိသော မျိုးစပါးများကို ကောက်ကြီးဟူ၍ လွယ်ကူစွာ မှတ်သားနိုင်ရန် အုပ်စုသုံးမျိုး ခွဲခြားထားသည်ဟုဆိုသည်။
မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးသော ဒေသများကို မိုးရွာသွန်းမှု ပမာဏအလိုက် ဇုန်လေးစုခွဲ၍ သတ်မှတ်ခဲ့သည်ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံ မြောက်ပိုင်း စိုစွတ်ဇုန် (ကချင်ပြည်နယ်- မြစ်ကြီးနား၊ ကသာ၊ ဗန်းမော်နှင့်  အထက်ချင်းတွင်း မော်လိုက်ခရိုင်)တို့ ပါဝင်ပြီး နှစ်စဉ်မိုးရေချိန် လက်မ ၆၂ မှ ၈၀ ထိ ရွာသွန်းသည် ဟုဆိုသည်။ အထက်မြန်မာနိုင်ငံ  အပူပိုင်းဇုန် (မန္တလေးခရိုင်မှ သရက်ထိ) ဖြစ်ပြီး နှစ်စဉ်မိုးရေချိန် လက်မ ၂၅ မှ ၄၀ ထိဖြစ်၍ တောင်ကြားချိုင့်ဝှမ်း များ၌ မိုးရေဖြင့် စိုက်ပျိုးသည်ဟုဆိုသည်။ မြန်မာနိုင်ငံ “အလယ် ပိုင်းဇုန် (တောင်ငူနှင့် ပြည်ခရိုင်) ဧရာဝတီမြစ်၏ဝဲယာ၌   ပြန့်ပြူး ညီညာသော မြေပြန့်များရှိ၍  သက်လတ်စပါးများ စိုက်ပျိုးကြကာ အောက်မြန်မာနိုင်ငံ ]စိုစွတ်ဇုန်}အား  အပိုင်းသုံးပိုင်း  ခွဲခြားထားရာ အပိုင်း(၁)၌ (စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲခရိုင်)တို့ဖြစ်၍ မိုးရေချိန် လက်မ ၂၀ဝ ကျော်ရှိပြီး အပိုင်း(၂)တွင် (သထုံ၊ ကျိုက္ခမီ၊ ထားနှင့် မြိတ်ခရိုင်)တို့ပါဝင်ပြီး မိုးရေချိန်လက်မ ၂၀ဝ ကျော်ရှိကာ အပိုင်းသုံး မှာ ဟင်္သာတ၊ ဟံသာဝတီ၊ သာယာဝတီ၊ ပဲခူး၊  အင်းစိန်၊ ရန်ကုန်၊ မအူပင်၊ ဖျာပုံ၊ မြောင်းမြ၊ ပုသိမ်၊ သံလွင်)တို့ဖြစ်ပြီး   ဧရာဝတီမြစ်ဝ ကျွန်းပေါ်ရှိ မြေနိမ့်လွင်ပြင်များဖြစ်ကာ မိုးရေချိန် လက်မ  ၈၀ ကျော် မှ ၁၃၀ထိ ရွာသွန်းသည်ဟုဆိုသည်။
စိုက်ပျိုးထွက်ရှိသော စပါးလုံး၏ အလျား၊ အနံ အချိုးအစား လိုက်၍ စပါးအုပ်စုငါးစု သတ်မှတ်ခဲ့သည်ဟုလည်း  ဆိုခဲ့သည်။ ထိုငါးခုမှ ဧည့်မထအုပ်စု၊ လက်ရွေးစင်အုပ်စု၊ ငစိန်အုပ်စု၊ မီးတုန်း အုပ်စု၊ ဗျတ်အုပ်စုတို့ဖြစ်သည်။ စပါးစိုက်ပျိုးရာတွင်လည်း အထွက် နှုန်း ကောင်းစေရန် စနစ် ၁၀ မျိုးရှိသည်ဟုလည်းဆိုသည်။ ယင်း တို့မှာ အထွက်ကောင်း မျိုးစပါး အသုံးပြုရန်၊   ညက်ညက်ထွန်ရန်၊ စိပ်စိပ်စိုက်ရန်၊ မျိုးသက် ၂၅ ရက်နှင့် ၃၀ ရက်အတွင်း ပြောင်းရွှေ့ စိုက်ရန်၊ ဓာတ်မြေသြဇာအချိုးကျသုံးစွဲရန်၊  ပေါင်းမြက်နှိမ်နင်းပြီး တမန်းနိုးရန်၊ ရေသွင်းရေထုတ်ပြုလုပ်ရန်၊ ပိုးမွှားရောဂါကြိုတင်ကာ ကွယ်နှိမ်နင်းရန်၊ အလေအလွင့်နည်းအောင် ရိတ်သိမ်းြွေခလှေ့ရန်တို့ ဖြစ်သည်ဟုဆိုသည်။
မြန်မာနိုင်ငံတွင်     ရေမြေရာသီဥတုအခြေအနေအရလည်း ကောင်း၊ စိုက်ပျိုးချိန် ရာသီအရလည်းကောင်း၊ စပါးမျိုး အုပ်စုများ ကွဲပြား စိုက်ပျိုးလျက်ရှိရာ အောက်မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသ များတွင် မိုးကောင်းသောက်မြေပြန့်စပါး၊ အထက် မြန်မာနိုင်ငံ ဆည် များ၊ တူးမြောင်းများရှိရာဒေသတွင်  ဆည်ရေသောက် စပါးအုပ်စုကို လည်းကောင်း၊ တောင်တန်းဒေသများ၌ ကုန်းမြင့်စပါးကိုလည်းကောင်း၊ မြေပြန့်ဒေသများရှိ ယာမြေများတွင် ယာစပါးများကိုလည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသကြီး ရေနက်ကွင်းများ၌   ရေနက်စပါးများကို လည်းကောင်း၊ တောင်တန်းဒေသများတွင်  တောင်ယာစပါးများကို လည်းကောင်း၊ မိုးကျသည်နှင့် တစ်ပြိုင်နက် မျိုးစပါးများ ကြဲပက်စိုက် ပျိုးကြ၍ မြန်မာနိုင်ငံအောက်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် နွေ စပါးများကို စိုက်ပျိုးခဲ့ကြပြီး ယခုအခါတွင် နွေစပါးများကို တိုးချဲ့စိုက် ပျိုးလျက်ရှိရာ နွေစပါးအောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရေ ရရှိရေးကိုလည်း ဦးစားပေးဆောင်ရွက်ရန် လိုသည်ဟုဆိုသည်။
ထိုကဲ့သို့ နည်းအမျိုးမျိုး၊ စနစ်အမျိုးမျိုး၊ နေရာဒေသအသီးသီး၌ စိုက်ပျိုးပုံအမျိုးမျိုးဖြင့် စိုက်ပျိုး၍ အောင်မြင်စွာ  ရိတ်သိမ်းပြီးသော စပါးများကို စပါးလုံးအတိုင်း စားသုံး၍ ရနိုင်သည်မဟုတ်ပါ။ ထိုရိတ် သိမ်းပြီးသော စပါးများကို ဆန်အဖြစ်သို့ ရောက်ရှိရန်အတွက် ကြိတ် ခွဲရန် လိုအပ်ပါသည်။ ယခင်နှစ်ပေါင်းများစွာကပင်   စပါးများအား လက်ဆုံ၊ မောင်းဆုံတို့ဖြင့် ကြိတ်ခွဲစားသောက်လာခဲ့ကြပြီး ယခုအခါ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ခေတ်မီ  ဆန်ကြိတ်ခွဲစက် များ၊   ခေတ်မီအဆင့်မြင့်နည်းစနစ်များဖြင့်   ဆန်ကြိတ်ခွဲခြင်းများ ပြုလုပ်လာခဲ့ကြသည်။ ဆန်ကြိတ်ခွဲမှုနှင့်သက်ဆိုင်သည့် နည်းစနစ် များ၊   စက်ကိရိယာအသစ်များကိုလည်း တီထွင်ထုတ်လုပ်ခဲ့ကြရာ ကမ္ဘာ့နိုင်ငံအသီးသီးမှ တီထွင်ထုတ်လုပ်သော ခေတ်မီ  ဆန်ကြိတ်ခွဲ စက်အမျိုးအစားပေါင်း များစွာ ပေါ်ထွက်လာခဲ့ကြသည်။ စပါးကို ဆန်အဖြစ်သို့ ကြိတ်ခွဲရာတွင် စပါး၏ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက် ထားမှုကို ဦးစွာလေ့လာသိရှိထားရန် လိုအပ်သည်ဟုဆိုသည်။ စပါး ကို လုံးတီးဆန်အဖြစ်   ရော်ဘာကြိတ်လုံးဖြင့်   ကြိတ်ခွဲခြင်းသည် Pericarp အလွှာ ပျက်စီးမှုမရှိသဖြင့် ထိုလုံးတီးဆန်အား  ကြာရှည်စွာ သိုလှောင်ထားနိုင်သည်ဟုလည်း ဆိုသည်။ ဆန်စက်တစ်စက်တွင် မရှိမဖြစ်လိုအပ်သည့်အစိတ်အပိုင်းများမှာ စပါးသန့်စင်စက် (Paddy Cleaner)၊ စပါးအခွံချွတ်စက် (Paddy Husker)၊ ကြိတ်ဖက်ဆန်ခါ (Meal Sifter)၊ ကြိတ်ဖက်ပန်ကာ (Husk Acpirator)၊ စပါးလုံးရွေးစက် (Paddy Separator) ၊ ဆန်ဖြူဖွတ်စက် (Rice Whitener)၊ ဆန်ကွဲချ ဆန်ခါ (Broken Sifter)၊ ခပ်ခွက်တိုင် (Bucket Elevator) တို့ဖြစ်သည် ဟုလည်း ဆိုပါသည်။
ဆန်စက်များခေတ်မီ တိုးတက်လာသည်နှင့်အမျှ စက်အစိတ်အပိုင်းများ တိုးချဲ့တပ်ဆင်အသုံးပြုလာခဲ့ကြရာ  စပါးသန့်စင်စက် သို့ မရောက်မီအလိုအလျောက် ချိန်တွယ်မှတ်သားသည့်စက်၊  စပါးတွင်ပါဝင်သည့် သံတိုသံစများ ဖမ်းယူနိုင်သည့် ကိရိယာများ၊ သန့်စင် ပြီးသော စပါးများကို အလိုအလျောက်ချိန်တွယ်သည့်စက်များ၊ စပါး အတိုအရှည်ခွဲခြားသည့်စက်များ၊ ဖုန်စုပ်စနစ်နှင့် ဖုန်ဖမ်းဆိုင်ကလုံ များ၊ လုံးပိန်လုံးညှပ်ရွေးစက်များ၊ ကျောက်ခဲထုတ်စက်များ၊ ဖွဲနု လေစုပ်စနစ်နှင့် ဆိုင်ကလုံများ၊ ဖွဲနုမှဆန်ကွဲထုတ်စက်များ၊  ဆန် အရောင်တင်စက်(အခြောက်၊အစို)များ၊ ဆန်ရောကိရိယာများ၊ ဆန်ဝါအရောင် ရွေးထုတ်စက်များ အလိုအလျောက် ဆန်အိတ်ချိန် တွယ်စက်များ၊ ဆန်အိတ်ချုပ်စက်များ၊ လွန်ကွန်ဗေယာများ၊ သားရေပတ်ကြိုး ကွန်ဗေယာများ၊ ချိန်းကွန်ဗေယာများနှင့် အလိုအလျောက် စနစ်များလည်း တိုးချဲ့တပ်ဆင် အသုံးပြုလာကြသည်။ 
ဆန်စပါးနှင့်ကြိတ်စက်များအကြောင်း လေ့လာရေးသားမည်ဆိုပါက ဆုံးနိုင်မည်မဟုတ်ပါ။ အလွန်နက်နဲ ကျယ်ပြန့်လှပါသည်။ ဆန်စပါးနှင့်ကြိတ်ခွဲစက်သည် စွယ်တော်ရွက်ကဲ့သို့ အလားသဏ္ဌာန်တူသည်။ ဖတ်သိလေ့လာရသမျှ ရေးသားတင်ပြလိုက်ရသည်။
ဤစာစုဖြင့်  MAPT မှ  ဆရာသမားများအား  ဂါရဝပြုပါသည်။

နှင်းနွယ်(DOCA-YGN)