Main menu

Background

မကွေးမြို့ပေါ်၌ မိုးရာသီကာလ ပန်းအလှပင်၊ သီးပင်၊ စားပင်များ ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

Wed, 06/21/2023 - 13:23 -- journal_editor

မိုးရာသီကာလ  ရောက်ရှိလာပြီဖြစ်သဖြင့် မကွေးမြို့ပေါ်ရှိ ပန်းအလှပင်၊ သီးပင်၊ စားပင်များ စိုက်ပျိုးရောင်းချနေသော  အရောင်းဆိုင်များ၌ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရှိရ သည်။
ပန်းအလှပင်များကို  ကိုယ်တိုင်ပျိုးထောင် မြေသြဇာကျွေး စိုက်ပျိုးကြပြီး စိုက်ပျိုးသော အပင်များမှာ စံပယ်ပင်အိတ်ကြီး တစ်ပင်လျှင် ကျပ် ၂၅၀ဝ၊ အိတ်သေးတစ်ပင်လျှင် ကျပ် ၁၅၀ဝ၊ ဇွန် ပန်းပင်တစ်ပင်လျှင် အကြီးအသေးပေါ် မူတည်၍ ကျပ် ၁၅၀ဝ မှ ၂၅၀ဝ၊ ဇလပ်ပင် တစ်ပင်လျှင် ကျပ် ၂၅၀ဝ၊ မလေးစကားပန်းအလှပင် တစ်ပင်လျှင် ကျပ် ၅၅၀ဝ၊ ရွက်လှပင် တစ်ပင်လျှင် ကျပ်၂၅၀ဝ၊ နှင်းဆီပင် တစ်ပင်လျှင် အကြီးအသေးပေါ် မူတည်၍ ကျပ် ၂၅၀ဝ မှ ၃၀ဝ၀၊ သနပ်ခါးပင် တစ်ပင်လျှင် ကျပ် ၃၅၀ဝ၊ ဇီဇဝါပင်  တစ်ပင်လျှင် ကျပ် ၃၀ဝ၀ မှ ၃၅၀ဝ၊ ထန်းအလှပင်  တစ်ပင်လျှင် ကျပ် ၂၅၀ဝ မှ ၃၀ဝ၀၊ လက်ကီးဂမုန်းပင်  တစ်ပင်လျှင် ကျပ် ၄၀ဝ၀ မှ ၄၅၀ဝ၊ မြတ်လေးပင် တစ်ပင်လျှင် ကျပ် ၂၅၀ဝ၊ ယင်းမာပင်  တစ်ပင်လျှင် အကြီးအသေး ပေါ် မူတည်၍  ကျပ်၂၅၀ဝ မှ ၃၀ဝ၀၊ အာဆီယံ သပြေ တစ်ပင်လျှင် ကျပ် ၁၅၀ဝ မှ ၂၀ဝ၀၊ ရိုးရိုး (သပြေ)တစ်ပင်လျှင် ကျပ် ၁၅၀ဝ တို့ဖြင့် ရောင်းချ ကြသည်။
သီးပင်၊ စားပင်များအနေဖြင့်   သရက်ပင် တစ်ပင်လျှင် ကျပ် ၁၅၀ဝ မှ ၂၀ဝ၀၊ ဂွေးပင်တစ်ပင် လျှင် ကျပ် ၂၀ဝ၀ မှ ၂၅၀ဝ၊ သင်္ဘောပင် တစ်ပင် လျှင် ကျပ် ၁၀ဝ၀ မှ ၁၅၀ဝ၊ မာလကာပင်များမှာ ကိုင်းကူးပျိုးထောင် စိုက်ပျိုးကြပြီး   တစ်ပင်လျှင် ကျပ် ၃၀ဝ၀ မှ ၃၅၀ဝ၊ သံပရာပင်  တစ်ပင်လျှင် ကျပ် ၂၀ဝ၀ မှ ၂၅၀ဝ၊ ရှောက်ပင်  တစ်ပင်လျှင် ကျပ် ၂၅၀ဝမှ ၃၀ဝ၀၊ ပိန္နဲပင်  တစ်ပင်လျှင် ကျပ် ၂၅၀ဝ မှ ၃၀ဝ၀တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ပန်းအလှပင်၊ သီးပင်၊ စားပင် စိုက်ပျိုး ရောင်းချသူများထံမှ မေးမြန်းသိရသည်။
ခင်စုစုမွန်