Main menu

Background

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြထွန်းဦး မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Mon, 07/03/2023 - 11:56 -- journal_editor

မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၃)ကို ဇွန် ၂၁ ရက် နံနက် ၉ နာရီ က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင်  မူပိုင်ခွင့်ဆိုင်ရာ  ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ မြန်မာ နိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization -WTO) နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization-WIPO)တို့၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်နိုင်ရန် အတွက် မူပိုင်ခွင့်ဥပဒေ(၄)ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှု ဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ  မူပိုင်ခွင့် ဥပဒေတို့ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ မူပိုင်ခွင့်ဥပဒေ (၄) ရပ်အနက် ကုန်အမှတ်တံဆိပ်  မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး အမှတ်တံဆိပ် မှတ်ပုံတင် လျှောက်ထားချက်များအား တရားဝင် လက်ခံဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်မှစ၍  ဆောင် ရွက်နေပြီဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီတွင် သက်ဆိုင်ရာအစိုးရဌာန များ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားပြီး ဖြစ်ရာ လိုအပ်သည့် မူပိုင်ခွင့်ဆိုင်ရာပညာရှင်များကိုလည်း ထည့်သွင်းဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ  အေဂျင်စီကိုလည်း ၂၀၂၃ ခုနှစ်တွင် ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် အေဂျင်စီ၏  လုပ်ငန်းတာဝန်များကို လည်း ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊  မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ သည် နိုင်ငံတော်၏ မူပိုင်ခွင့်စနစ်တည်ထောင်ရာတွင် ဗဟိုကော်မတီ၏ လမ်းညွှန် ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ပင်မအဖွဲ့အစည်းတစ်ရပ် ဖြစ်သည့်အတွက် လိုအပ်သည့်ကဏ္ဍများအလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊  ထို့နောက် ကုန်အမှတ်တံဆိပ်  မူပိုင်ခွင့်ဥပဒေကို အာဏာသက်ဝင်ဆောင်ရွက်ခဲ့ပြီး မူပိုင်ခွင့်ဥပဒေများဖြစ်သည့် စက်မှုဒီဇိုင်းမူပိုင် ခွင့်ဥပဒေ၊ စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှု မူပိုင်ခွင့်ဥပဒေတို့ကို လည်း အာဏာသက်ဝင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအနက် မူပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာသဘောတူ စာချုပ်များသို့ ဝင်ရောက်ခြင်းလုပ်ငန်းစဉ်တွင်လည်း အခြားနိုင်ငံများနည်းတူ ပါဝင်နိုင်ရန်  ပြင်ဆင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊  ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် မှတ်ပုံတင်စနစ်ကို စတင်ဆောင်ရွက်နေပြီဖြစ်သည့်အတွက် မူပိုင်ခွင့်မှတ်ပုံ တင်ခြင်းကို ဆောင်ရွက်ကြမည့် စီးပွားရေးလုပ်ငန်းရှင်၊ မူပိုင်ခွင့်ဖန်တီးသူများအနေ ဖြင့်လည်း မူပိုင်ခွင့်ဆိုင်ရာ ဗဟုသုတပိုမိုရရှိရန် လိုအပ်သည့်အတွက် အသိပညာပေး ခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေး အစီအစဉ်များကို ဆက်လက်ဆောင် ရွက်ကြရန်နှင့် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီတွင်ပါဝင်သော တာဝန်ခံဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာန များမှလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ သည်။
ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မူပိုင်ခွင့်စနစ်တစ်ရပ် ပေါ်ပေါက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့် အောင်က ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တွဲဖက်အတွင်းအရေးမှူး  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ဗဟို ကော်မတီ အစည်းအဝေး ၁/၂၀၂၃ သို့ တင်ပြသည့်  အမှာစာများကို ဖတ်ကြား တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဝန်ကြီးချုပ်က အမှာစာများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ သည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယ ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

IP