Main menu

Background

ရွှေနှင့်အမေရိကန်ဒေါ်လာ ငွေလဲနှုန်းပြည်တွင်ဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်တင်ပြခြင်း

Mon, 07/03/2023 - 12:46 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အ ပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၂၈ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှဇွန် ၂၈ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၁၉၀၉ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၀၃၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ ဇွန် ၂၈ ရက်တွင်ကျပ် ၃၂၇၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။ ယခု၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် တိုးတက်မှုနှုန်း ၃ဒသမ၃ရာခိုင်နှုန်း ရှိလာမည်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်တွင် ၃ဒသမ၄ ရာခိုင်နှုန်း တိုးတက်မှုရှိလာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထုတ်ပြန်ထားသည်။၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်မှ ၂၈ ရက်အထိ ရက်အလိုက်ဖြစ်ပေါ်ပြောင်းလဲခဲ့သော အမေရိကန်တစ်ဒေါ်လာနှင့် ညီမျှသော နိုင်ငံတကာ ငွေလဲလှယ်နှုန်းများကို တစ်ဖက်ပါဇယားဖြင့်ဖော်ပြအပ်ပါသည်။ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအား ပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်မှ ၂၈ရက်အထိ ရက်သတ္တပတ်အတွင်း ၃၀ဝ၅-၃၁၇၀ ကျပ်ကြား ရှိနေကြောင်းသိရှိရသည်။