Main menu

Background

ဆန်ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်တင်ပြခြင်း

Mon, 07/03/2023 - 12:48 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်တွင်  ွှ့ငေ ျွငခန နထစသမအနမ ဗျသခငအေငသည ျွှနဘျငအန ၌ ဖော်ပြချက်အရ  ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၂ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၆၂ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိ ရသည်။  ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း  ဘီဂရိတ် ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၂ ဒေါ်လာဖြင့် လည်း ကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၈ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၈ ဒေါ်လာဖြင့်  လည်း ကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၁ ဖြင့် လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၂ ဒေါ်လာဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၉၂ ဒေါ်လာဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၂ ဒေါ်လာဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။  ွှ့ငေ ျွငခန နထစသမအနမ ဗျသခငအေငသည တွင် ဖော်ပြချက် အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ (၁၀ဝ %) ဘီဂရိတ်ဆန်၊ ဧည့် မထ ၅ ရာခိုင်နှုန်း ဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများ ကျဆင်းနေခဲ့ပြီး ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေးနှုန်း မှာ  မြင့်တက်နေခဲ့ကာ ပါကစ္စတန်နိုင်ငံတွင် ဆန်ဈေးနှုန်းမှာ တည် ငြိမ်လျက်ရှိကြောင်း သိရှိရသည်။ 
ပြည်တွင်းဆန်ဈေးကွက် သတင်းအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၈၈၀ဝ၀ မှ ၉၅၀ဝ၀ ကြား ပေါက် ဈေးရှိပြီး  ယခုတစ်ပတ်တွင် ဆန်တစ်အိတ်လျှင် ဈေးနှုန်း ကျပ် ၃၀ဝ၀ မြင့်တက်ခဲ့ကာ ရွှေဘိုပေါ်ဆန်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀ မှ ၁၁၁၀ဝ၀  ကြား ပေါက်ဈေးရှိပြီး ဈေးနှုန်းတည် ငြိမ်လျက်ရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ရိုးရိုးဆန် တစ် အိတ်လျှင် ကျပ် ၆၀ဝ၀ဝ မှ ၆၂၅၀ဝ ကြားပေါက်ဈေးရှိပြီး ဧည့် မထ ၂၅ မှတ်တန် ဆန်တစ်အိတ်လျှင် ကျပ် ၅၅၅၀ဝ မှ ၅၇၀ဝ၀ ကြား ပေါက်ဈေးရှိကာ ယခုတစ်ပတ်တွင် ဆန်ကြမ်းဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီ ၁ ရက်မှ ဇွန် ၂၃ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၁၃၉၈၂ ဒသမ ၈၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၁၈၂ သန်း၊ ဆန်ကွဲ တန် ချိန် ၁၄၁၇၉၄ ဒသမ ၉၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၁၉၄ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၂၅၅၇၇၇ ဒသမ ၇၅၀ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၃၇၆ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူ တွင် ဆန်တန်ချိန် ၃၅၅၂၈၃ ဒသမ ၄၀ဝ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၁၂၆ ဒသမ ၇၄၅ သန်း၊ ဆန်ကွဲ တန်ချိန် ၂၂၆၁၆၃ ဒသမ ၁၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၇၃၁ သန်း၊ စုစုပေါင်း ဆန် နှင့်ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၅၈၁၄၄၆ ဒသမ ၅၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၉၈ ဒသမ ၄၇၆ သန်း တင်ပို့ခဲ့သည်။ ယခင် နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၄၁၃၀ဝ ဒသမ ၅၅၀ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၅၆၃ သန်းနှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့်  ဆန်ကွဲတန်ချိန် ၈၄၃၆၈ ဒသမ ၂၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅၃၇ သန်း လျော့ နည်းတင်ပို့ခဲ့သည်။ 
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့၌် ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထ ဆန်တစ်အိတ်လျှင် ၁၅၅ - ၁၆၀ ယွမ် (ပြင်ပ ငွေလဲနှုန်း တစ်ယွမ် လျှင် ၄၃၅ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ၆၇၄၂၅ ကျပ်မှ ၆၉၆၀ဝ ကျပ်ကြား) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်တွင်  ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲ နှုန်းအနေဖြင့် တစ်ဘတ်လျှင် ၈၈ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန်  တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ်၄၃၅၀ ဖြင့် အမြင့်ဆုံးဈေးနှုန်း  ဖြစ်ပေါ်ခဲ့ပြီး ဘားအံမြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ကျပ်၂၇၀ဝ ဖြင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ သည်ကို တွေ့ရှိရ သည်။
ွှမေိငညါ နခသညသာငချ ျွှနဘျငအန တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ဝဒသမ၈၆ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် ဇွန်လ နောက်ဆုံးပတ်တွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများ  အတက်/အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်း လဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။