Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Mon, 07/03/2023 - 12:54 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်တွင်Global Petrol Prices Website  ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၁ နိုင်ငံအနက် အိုင်ယာလန်နိုင်ငံသည် ယခုတစ် ပတ်တွင် ၁ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး အာဂျင်တီးနားနိုင်ငံတွင် သုည ဒသမ ၉ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်းနှင့် ရုရှားနိုင်ငံတွင် သုည ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့် တက်ခဲ့သည့် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website  ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ဟောင်ကောင်၊ အင်ဂိုလာ၊ ဘာဘေဒို၊ ဘရာဇီး၊ ပြင်သစ်၊ နယူးဇီလန်နှင့် တောင် အာဖရိက စသည့် နိုင်ငံများအပါအဝင်  နိုင်ငံပေါင်း ၉၅ နိုင်ငံတွင် ယခင်အပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီ ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် အန်ဒိုရာ၊ နယ်သာလန်၊ ကနေဒါ၊ စပိန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ နော်ဝေ နှင့် ဆွီဒင် အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်တွင်Global Petrol Prices Website  ၌  ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများ အနေဖြင့် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် အာဆီယံ နိုင်ငံများအားလုံး ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်တွင်Global Petrol Prices Website  ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၁ နိုင်ငံအနက် ဘယ်လ်ဂျီယံနိုင်ငံသည် ယခုတစ်ပတ်တွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး ပိုလန် နိုင်ငံတွင် ၁ ဒသမ ၇၀ ရာခိုင်နှုန်း၊ သြစတြီးယားနိုင်ငံတွင် ၁ ဒသမ ၅၀ ရာခိုင်နှုန်းနှင့် အိုင်ယာလန် နိုင်ငံတွင် ၁ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း  မြင့်တက်ခဲ့ပြီး  မြင့်တက်ခဲ့သည့်  နိုင်ငံပေါင်း ၁၈ နိုင်ငံရှိ ကြောင်း  တွေ့ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဘာဘေဒို၊  ဘီလာရုစ်၊ ဘူတန်၊ ဟန်ဂေရီ၊ အီတလီနှင့် ကင်ညာ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၉၆ နိုင်ငံတွင် ယခင်အပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ် နေကြောင်း တွေ့ရှိရသည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် အာဂျင် တီးနား၊ ဂျာမနီ၊ သြစတြေးလျ၊ ဖင်လန်၊ ဆွီဒင်နှင့် နော်ဝေ အပါအဝင် နိုင်ငံပေါင်း ခုနစ်နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၂ ဒသမ ၁၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။   
အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်တွင်Global Petrol Prices Website  ၌ ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများ အနေဖြင့်  ယခင်တစ်ပတ်နှင့်  နှိုင်းယှဉ်လျှင်  ယခုတစ်ပတ်တွင် အာဆီယံနိုင်ငံများအားလုံး ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေ ကြောင်း လေ့လာ တွေ့ရှိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ၁၉၆၀ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ၂၀၅၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၆၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ လျှင် ၂၀၄၀ ကျပ် အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၅၀ဝ ကျပ်၊ ဒီဇယ် တစ် လီတာလျှင် ၃၅၇၀ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၉၂၀ ကျပ်၊ ဒီဇယ်  တစ်လီတာလျှင် ၂၉၂၀ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တွင်  ဓာတ်ဆီ တစ်လီတာလျှင် ၂၀၅၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၆၀ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၀၆၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၆၅ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်း စက်သုံးဆီဈေး နှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဓာတ်ဆီ တစ်လီတာလျှင် ၄၅ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ၃၀ ကျပ်သို့ ဈေးနှုန်း အနည်းငယ်  ကျဆင်းခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။