Main menu

Background

ထင်း၊ မီးသွေးအစား ဈေးနှုန်းသက်သာသော စပါးခွံလောင်စာတောင့်စက်ရုံများ တိုးချဲ့တည်ဆောက်

Mon, 07/03/2023 - 12:57 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသော ဘေးထွက်ပစ္စည်း စပါးခွံကို အသုံးပြု၍ ထင်း၊ မီးသွေးအစား ကုန်ကျစရိတ်သက်သော စပါးခွံလောင်စာတောင့် ပြုလုပ်ရောင်းချ နေသည့် လုပ်ငန်းရှင်  ၁၄ ဦးရှိပြီး ယခုအခါ အသစ်တည်ဆောက်မည့် လုပ်ငန်းရှင် ခြောက်ဦးခန့်ရှိကြောင်း လောင်စာတောင့်လုပ်ငန်းရှင်များထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့ပြလူဦးရေ  ၁၅ ရာခိုင်နှုန်း၊ ကျေးလက်နေလူဦးရေ  ၈၅ ရာခိုင် နှုန်းခန့်ရှိပြီး စွမ်းအင်အသုံးပြုမှုတွင် မြို့ပြမှာ လျှပ်စစ်၊ မီးသွေး၊ ဂက်(စ်)အများဆုံး အသုံးပြု၍ ကျေးလက် တွင် သစ်တောထွက် ထင်း၊ မီးသွေးအများဆုံး သုံးစွဲလျက်ရှိသည်။ 
ရေရှည်မှာ သစ်တောပြုန်းတီးမှု ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် ကုန်ကျစရိတ်သက်သာသော ထင်း၊ မီးသွေး အသုံးပြုမှုနေရာတွင် စပါးခွံလောင်စာတောင့်များ ပိုမိုထုတ် လုပ်ရန်လိုအပ်ပြီး တိုင်းအတွင်း မိုး၊ နွေစပါးစိုက်ဧက ( တစ်သိန်းကျော် စိုက်ပျိုးလျက် စပါးတင်းသိန်းပေါင်း  ၄၀ဝ၀ ကျော်ထွက်ရှိ၍ ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသော စပါးခွံတန်  ၁၈ သိန်းကျော်မှ လက်ရှိ စပါးခွံ ဓာတ်ငွ့သုံးလျှပ်စစ် ထုတ်စက်  ၅၄၃  ရုံ အတွက် စပါးခွံတန်ချိန် ၄၃၄၄၀ဝ လောင်စာတောင့်စက်ရုံ  ၄၈ ရုံအတွက် အသုံးပြုသော စပါးခွံတန်ချိန် ၂၁၉၉၅၈ ဒသမ ၈၉ စပါးခွံဘွိုင်လာသုံး ရေနွေးငွေ့အင်ဂျင်ဖြင့်  လျှပ်စစ်ထုတ်စက်လေးရုံအတွက်  အသုံးပြုစပါးခွံ တန် ၄၄၀ဝ၊  စုစုပေါင်းအသုံးပြုသော စပါးခွံတန် ၆၅၈၇၅၈ ဒသမ ၈၉ တန်ရှိသည်။ 
ထပ်မံတည်ဆောက်မည့် စပါးခွံအသုံးပြုမည့်စက်ရုံများမှာ စပါးခွံဓာတ်ငွေ့သုံး လျှပ်စစ်ထုတ်စက်(0.5)MW၂၄ ရုံ စပါးခွံဘွိုင်လာသုံး ရေနွေးငွေ့အင်ဂျင်ဖြင့် လျှပ်စစ်ထုတ်စက် (30)MW  တစ်ရုံနှင့် စပါးခွံလောင်စာတောင့် စက်ရုံခြောက်ရုံရှိပြီး ပိုလျှံသောစပါးခွံများကို ကုန်ကြမ်းအဓိကထွက်ရှိတဲ့ ဆန် စက်အသီးသီးမှာ လောင်စာတောင့် စက်ရုံများ တည်ဆောက်၍ ဈေးကွက်အတွင်း လောင်စာတောင့်များ ပြုလုပ်ရောင်းချနိုင်ပါက လုပ်ငန်းရှင်များအတွက် ဘေးထွက်ပစ္စည်းမှ အပိုဝင်ငွေရရှိပြီး စီးပွားရေး အခွင့် အလမ်းကောင်းများ ရနိုင်သလို ဒေသခံပြည်သူများအတွက်လည်း တစ်ပိဿာကို ကျပ်၂၀ဝ ဈေးနှုန်းသာ ရှိသော စပါးခွံလောင်စာတောင့်များကို ဈေးသက်သာစွာ ဝယ်ယူ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဧရာမြေ (ပုသိမ်)