Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၁၀ဝ၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Mon, 07/17/2023 - 15:47 -- journal_editor

ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၂ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်းပေါင်း ၁၀ဝ၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါကာလအတွင်း အရောင်းအ ဝယ် ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၅၁၃၆၃၆ စောင်ရှိပြီး တန်ဖိုးအား ဖြင့် ကျပ် ၁၀၁၄ ဒသမ ဝ၈ သန်းရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI) က အစုရှယ်ယာ ၆၁၆၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၉ ဒသမ ၆၄ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစုရှယ် ယာ ၄၁၉၂၈ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၁၉ ဒသမ ၃၈ သန်း ရရှိခဲ့ကြောင်း သိရသည်။ အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၁၂၃၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၈ ဒသမ ၈၀ သန်း၊ ပထမ ပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၆၄၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၅၇ သန်း ရရှိခဲ့သည်။
ထို့အတူ TMH Telecom Public (TMH) က အစုရှယ်ယာ ၃၅၉၀ဝ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅၃ ဒသမ ၉၆ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၇၀၁၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၆ ဒသမ ၆၁ သန်း ရရှိခဲ့သည်။ ယင်းအပြင် Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၉၅၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄ ဒသမ ၆၂ သန်း၊ Myanmar Agro Exchange Public Co.,Ltd. (MAEX) က အစုရှယ်ယာ ၄၁၉၇၉၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇၅၉ ဒသမ ၅၀ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။  

ပန်းဆု