Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 07/17/2023 - 15:54 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၆ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၁၈ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၁၂ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၃၄ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။  ပြည်တွင်းရွှေဈေးသည် လည်း ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၁၇၀ဝ၀ဝ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၁၂ ရက်တွင် ကျပ် ၃၂၄၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေ ဈေးကွက်အတွင်းမှ သိရှိရသည်။
ယခု ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) သည် တိုးတက်မှုနှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှုရှိလာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထုတ်ပြန်ထားသည်။ 
၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်မှ ၁၂ ရက်အထိ ရက်အလိုက် ဖြစ်ပေါ်ပြောင်းလဲခဲ့သော အမေရိကန် တစ်ဒေါ်လာနှင့် ညီမျှ သော နိုင်ငံတကာငွေလဲလှယ်နှုန်းများကို တစ်ဖက်ပါဇယားဖြင့် ဖော်ပြအပ်ပါသည်။ 
ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လို အား ပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်မှ  ၁၂ ရက်အထိ ရက်သတ္တပတ်အတွင်း ၃၀၅၅-၃၁၂၅ ကျပ်ကြား ရှိနေ ကြောင်း သိရှိရသည်။