Main menu

Background

ကုန်စည်ဒိုင်၊ ဆန်စက်နှင့် ဆေးဝါးစက်ရုံများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ရာဝယ်

Tue, 07/18/2023 - 11:41 -- journal_editor

ဇွန် ၂၈ ရက်တွင်  အပြည်ပြည်ဆိုင်ရာကုန် သွယ်မှုသင်တန်းမှ သင်တန်းသား၊  သင်တန်းသူ များသည် ကုန်သွယ်မှုသင်တန်းကျောင်းက စီစဉ်သော လေ့လာရေးခရီး သွားရောက်ခဲ့ကြသည်။  သွားရောက်ခဲ့သော  နေရာများမှာ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ဝါးတန်းကုန်စည်ဒိုင် (မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်း)၊ ဘုရင့်နောင်ကုန်စည်ဒိုင် (ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း)၊ ဧရာဟင်္သာဆန်စက်နှင့် FAME ဆေးဝါး စက်ရုံတို့ဖြစ်သည်။ အဆိုပါလေ့လာရေး ခရီးစဉ်သည် ကုန်သွယ်မှုသင်တန်းကျောင်း (Trade Training Institute-TTI)  က စီစဉ်ပေးသော တတိယအကြိမ်မြောက် ခရီးစဉ်လည်းဖြစ်သည်။
ယင်းနေ့ နံနက် ၈ နာရီခန့်တွင် စီးပွား/ ကူးသန်းရုံး (ရန်ကုန်) ကုန်သွယ်မှုသင်တန်းကျောင်းမှ စတင်ထွက်ခွာခဲ့ကြပြီး ဝါးတန်းကုန်စည်ဒိုင်သို့ ၈ နာရီခွဲခန့်တွင် ရောက်ရှိခဲ့ကြသည်။ ကုန်စည်ဒိုင်ရှိ  တာဝန်ရှိသူများက နံနက်စာဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည်။ ထို့နောက် ကုန်စည်ဒိုင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ရှင်းလင်းဆောင်၌ ကုန်စည်ဒိုင်ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ အသင်း၏ ဆောင်ရွက်နေသော လုပ်ငန်းများ၊ အသင်းဝင်အဖြစ် ဝင်ရောက်ရခြင်း၏ ရည်ရွယ် ချက်နှင့် အကျိုးကျေးဇူးများအပြင် ဆန်စပါးဈေးကွက်၏ အခြေအနေများကိုလည်း  ရှင်းလင်းပြောကြားသည်။ သင်တန်းသားများ သိရှိလိုသည်များကိုလည်း ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ဘုရင့်နောင် ကုန်စည်ဒိုင်)သို့ သွားရောက်လေ့လာခဲ့ရာ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဥက္ကဋ္ဌ၊  ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့်အတူ အခြားတာဝန်ရှိလူကြီးများက  လက်ခံတွေ့ဆုံခဲ့ပြီး  အသင်းဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အသင်း၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းသားများ သိလိုသော မေးခွန်းများနှင့် အကြံပြုချက်များကို ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့သည်။ 
ထိုမှတစ်ဆင့် လှိုင်သာယာစက်မှုဇုန်ရှိ ဧရာဟင်္သာဆန်စက်သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။ ဆန်စက်သို့ ရောက်ရှိချိန်တွင် စက်ရုံမှ အထွေထွေမန်နေဂျာ၊  စက်ရုံမှူးနှင့် တာဝန်ရှိသူများက နွေးထွေးစွာဖြင့်   ကြိုဆိုခဲ့ကြပြီး နေ့လယ် စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြသည်။ ထို့နောက် ဆန်စက်ရှိ ဆန်များအား စပါးအဆင့်မှသည် export quality အရည်အသွေးရှိသည့် ဆန်ချော အဆင့်ထိရောက်ရှိအောင် စီမံပြုလုပ်ပုံ (processing steps) အဆင့်ဆင့်နှင့် ရရှိလာသော ဆန်များကို အီးယူနှင့် အာရှနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း တာဝန်ရှိသူများက သေချာစွာ လိုက်လံ၍ရှင်းလင်း ပြောကြားပေးခဲ့သည်။
ဆက်လက်၍ ကျွန်တော်တို့ သင်တန်းသားများအဖွဲ့သည်  FAME Pharmaceuticals သို့ သွားရောက်လေ့လာခဲ့သည်။  FAME ဆေးဝါးစက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်(၃)၌ တည်ရှိပြီး သဘာဝဆေးဖက်ဝင်အပင်များ မှ ဆေးဝါးများကို ကုန်ထုတ်လုပ်မှု အလေ့အကျင့် ကောင်း (Good Manufacturing Practice - GMP) အပြင် ISO စံချိန်စံညွန်းများနှင့်အညီ ထုတ်လုပ်လျက်ရှိသော စက်ရုံကြီးတစ်ခုဖြစ်သည်။ ရောက်ရှိချိန်တွင် စက်ရုံရှိ တာဝန်ရှိသူများက စက်ရုံ၏ စတင်တည်ထောင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ဆေးဝါး ထုတ်လုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။  ထို့နောက် သင်တန်းသားများအား အဖွဲ့သုံးဖွဲ့ခွဲ၍ စက်ရုံအတွင်း လိုက်လံရှင်းပြခဲ့သည်။ 
FAME ဆေးဝါးစက်ရုံသည် အဓိကလိုအပ် သော ကုန်ကြမ်းများကို  ပြင်ဦးလွင်မြို့ရှိ နိုင်ငံ တကာ အသိအမှတ်ပြု   FAME Organic Farm ၌ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရှိရ သည်။ Production Department   တွင် Raw materials   များကို  ီDrying, Blending, Making tablets,Powder filling in capsules and Packaging  အစရှိသော Process အဆင့်ဆင့်ကို ဖြတ်စေကာ ဆေးဝါးများကို ကောင်းမွန်စွာ စီစဉ် ထုတ်လုပ်လျက်ရှိကြောင်း သိရှိခဲ့ရသည်။ အရေး ကြီးသော Sector တစ်ခုဖြစ်သည့် Quality Control and Safety ပိုင်းကိုလည်း  သေချာစွာစိစစ်၍ အလေးထား ဆောင်ရွက်နေကြောင်းကိုလည်း တွေ့မြင်ခဲ့ရသည်။  ထို့ပြင် ဝန်ထမ်းများ၏  Safety ပိုင်းနှင့် Environmental Management ပိုင်းတို့ကို လည်း   ကောင်းစွာစီမံထားသည်ကို တွေ့ရှိခဲ့ရ သည်။ ထိုမှတစ်ဆင့်  FAME ၏ Cancer Museum သို့ ဝင်ရောက်လေ့လာခွင့် ရရှိခဲ့သည်။
ထိုသို့ Quality ပိုင်း၊ Safety ပိုင်း၊ Environmental issue ပိုင်းတို့ကို စနစ်တကျဆောင်ရွက် ထားရှိသော FAME ဆေးဝါးသည် ပြည်တွင်းဈေး ကွက်၌ ခိုင်မာသောအားပေးမှုကို ရရှိထားရုံသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရှိခဲ့ရသည်။
နိဂုံးချုပ်အားဖြင့်ဆိုရသော် ယနေ့ခရီးစဉ် သည် ကျွန်တော်တို့ သင်တန်းသူ၊ သင်တန်းသား များအတွက် နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်ကဏ္ဍနှင့် ဈေးကွက်အခြေအနေများ၊ ပို့ကုန်ကဏ္ဍ၊ ကုန် ထုတ်လုပ်မှုကဏ္ဍ အစရှိသော ကဏ္ဍသီးသီးကို သေချာစွာ လေ့လာခွင့်ရရှိသည့်အတွက် လွန်စွာ ပင် အကျိုးရှိလှသည်ဟု ဆိုချင်ပါသည်။
အောင်ပြည့်ဖြိုးမြင့်