Main menu

Background

ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်း ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ

Mon, 07/31/2023 - 11:05 -- journal_editor

ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၃) ကို  ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံး အမှတ်(၃) ညီလာခံခန်းမ၌ ကျင်းပခဲ့သည်။ အစည်း အဝေးသို့ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော် မတီ နာယက ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တက်ရောက်၍  အမှာ စကား ပြောကြားခဲ့သည်။
အစည်းအဝေးသို့ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကော်မတီ ဥက္ကဋ္ဌ၊   စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော် မတီ ငါးခုမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများDEDC Task Force  မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ နာယက ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကမ္ဘာတစ်ဝန်း၌ရှိသည့် နိုင်ငံ အသီးသီးကDigital Transformationဟုခေါ်သည့် ဒီဂျစ်တယ်အသွင်ကူးပြောင်းသော လုပ်ငန်းစဉ်များကို ဦးစားပေးပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြ ကြောင်း၊ ဒီဂျစ်တယ်နည်းပညာကို အကျိုးရှိရှိ အသုံး ပြုပြီး အုပ်ချုပ်ရေး၊ အခြေခံအဆောက်အအုံနှင့် ကုန် သွယ်ရေး၊ ပညာရေး၊ လူမှုရေးအစရှိသည့် နယ်ပယ် အသီးသီးတွင် ဒီဂျစ်တယ်အသွင်ကို ဟန်ချက်ညီညီ  ကူးပြောင်းဆောင်ရွက်ကြခြင်းအားဖြင့်   နိုင်ငံ၏Digital Economy    ဖွံ့ဖြိုးတိုးတက်လာပြီး The Global Value Chain ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်း ဆက်ကို ချိတ်ဆက်လာနိုင်မည်ဖြစ်ကြောင်း၊ ဒီဂျစ် တယ်စီးပွားရေးလုပ်ငန်းစဉ်များ    အောင်မြင်နိုင်ရန် အတွက် အစိုးရနှင့် ပုဂ္ဂလိက ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မိုဘိုင်းစနစ်သုံး  မြန်နှုန်းမြင့် အင်တာနက်အနေဖြင့် နိုင်ငံလူဦးရေ၏  ၉၀ ရာခိုင်နှုန်းကို  လွှမ်းခြုံနိုင်ပြီဖြစ် သော်လည်း  Fixed Broad band တွင် သုံးစွဲသူ ၁ ဒသမ ၆ သန်းခန့်သာရှိနေသေးသည့်အတွက် မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်ကို မြို့ကြီးများသာမက ကျေး လက်ဒေသအထိပါ   လက်လှမ်းမီ အသုံးပြုသွားနိုင် ရန် ဆက်လက်ဆောင်ရွက်သွားရမည်    ဖြစ်ကြောင်း၊ ပြည်သူများလိုအပ်သည့်  ကျွမ်းကျင်မှုနှင့် နည်းပညာ အသစ်များ ရရှိစေရန်နှင့် အင်တာနက်ကို လူမှုကွန် ရက်နှင့် ဖျော်ဖြေရေးအဆင့်များထက်ကျော်လွန်ပြီး စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် အကျိုးရှိစွာ    သုံးစွဲနိုင်ရန်    အရေးကြီးကြောင်း၊ ဒီဂျစ်တယ်နည်းပညာများ၏ အသုံးဝင်မှုနှင့် အရေး ကြီးမှုများသည် ကိုဗစ်(၁၉)နှင့် ကိုဗစ်(၁၉) အလွန် ကာလများတွင်     ပိုမိုသိသာ   ထင်ရှားလာသည်ကို အားလုံးမျက်မြင်ကိုယ်တွေ့ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ် Human Capital)များကို ပြုစုပျိုးထောင် ပေးရန်   အလွန်အရေးကြီးပြီး   နည်းပညာဆိုင်ရာ တက္ကသိုလ်၊ ကျောင်းများတွင် တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များကို ၎င်းတို့တတ် ကျွမ်းသည့် နည်းပညာနှင့် အမိနိုင်ငံတော်၏ Digital Transformationလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်း ကပံ့ပိုးကူညီနိုင်ရေး စည်းရုံးဆွဲဆောင်ရန်လည်း လိုအပ် ကြောင်း၊ MSME  လုပ်ငန်းများအနေဖြင့် အင်တာနက် ကို အကျိုးရှိရှိ အသုံးပြုပြီး မိမိတို့၏ ဝန်ဆောင်မှုများ၊ ထုတ်ကုန်များကို ဝက်ဘ်ဆိုဒ်များမှတစ်ဆင့် ကြော်ငြာ မှုပြုလုပ်၍ ဈေးကွက်ရှာဖွေခြင်း၊ ငွေပေးချေမှုတွင် လည်း လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးမည်ဆို ပါက စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာမည် ဖြစ်ပြီး နိုင်ငံ၏စီးပွားရေး တိုးတက်လာစေမည်ဖြစ်ပါ ကြောင်း၊ e-Government အား ကျော်လွန်သွားပြီး နောက်  Digital Government ကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊Digital Economy ၏ အဓိကကျသည့် မဏ္ဍိုင်တစ်ခုဖြစ်သော e-Commerce ကိုအောင်မြင်စွာ အကောင်အထည် ဖော်သွားနိုင်ရေးနှင့် မလိုလားအပ်သည့် ဖြစ်ရပ်များကို တားဆီးနိုင်ရေးအတွက်   ဥပဒေ၊ စည်းမျည်းများနှင့် ထိန်းကျောင်းရန်   လိုအပ်ကြောင်း၊ ထို့ကြောင့် e-Commerce Law  ကိုပြဋ္ဌာန်းသွားနိုင်ရေးအတွက် e-Commerce Law  ရေးဆွဲရေးကော်မတီကို ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ပထမမူကြမ်းကိုရေးဆွဲခဲ့ပြီးဖြစ် ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် (၁၂) ချက်နှင့်အညီ နိုင်ငံတကာနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်နေသည့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုး တက်ရေးနှင့်   ပေါင်းစည်းရေးလုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိအောင် ရေးဆွဲပြီးဖြစ်သည့်Roadmap ကို ဖြည့်စွက်မွမ်းမံရန် လိုအပ်မည်ဖြစ်ကြောင်း။
ယနေ့အစည်းအဝေးသည် ဒီဂျစ်တယ်စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီကို  စတုတ္ထအကြိမ် မြောက်   ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး  ပထမဆုံး အကြိမ်ကျင်းပသော အစည်းအဝေးဖြစ်သည်နှင့်အညီ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ကော်မတီ၏ လုပ် ငန်းရပ်များ  ပိုမိုထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်နိုင်စေရေး အခြားအကြံပြုလိုသည်များကို လည်း ပွင့်လင်းစွာ ဆွေးနွေးတင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။ 
ဆက်လက်၍ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကော်မတီ   ဥက္ကဋ္ဌ၊   စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက  DEDCကော်မတီ၊ ဆပ်ကော် မတီများ၏ လုပ်ငန်းတာဝန်များကို နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်ပါ စီးပွားရေး  ဦးတည်ချက် (၄)ရပ်နှင့်အညီ ဖြစ်စေရေး လိုအပ်သလို ပြင်ဆင်ဖြည့်စွက်သွားရန်၊ ဆပ်ကော်မတီအဖွဲ့ဝင်များ ကို လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ ပြင်ဆင်ဖြည့် စွက်ရန်၊ မြန်မာဒီဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံ ((Myanmar Digital Economy Roadmap) ) အား ခေတ် ကာလနှင့်အညီ ဖြစ်စေရေး၊ Action Plan များ/ Action Matrix များကို  လက်တွေ့တွင် အမှန်တကယ် ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်း စဉ်များအဖြစ် ပြန်လည်ပြင်ဆင်ရေးဆွဲရန်နှင့် ၎င်း လုပ်ငန်းများကို ထိရောက် စွာအကောင်အထည်ဖော် ရေးDEDC Task Force ဖွဲ့စည်းနိုင်ရေး ကိစ္စတို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်။ 
ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော် မတီ လက်အောက်ရှိ ဆပ်ကော်မတီငါးခုမှ တာဝန်ရှိ သူများက သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက်  ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ‌ဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊  လက်ရှိ အကောင်အထည် ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြခဲ့ သည်။  ဆွေးနွေးမှုများအပေါ် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ အဖွဲ့ဝင်များ၊ ဆပ်ကော် မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးတင်ပြ၍ ရှေ့ ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြ သည်။ 
ထို့နောက် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကော်မတီ နာယက၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တက်ရောက် လာကြသည့် ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများအနေဖြင့် အချင်းချင်း ပူးပေါင်းဆောင်ရွက် ပြီး သတင်းအချက်အလက်များ ဖလှယ်ကြရန် လိုအပ် မည်ဖြစ်ကြောင်း၊  သတင်းအချက်အလက်များ ချိတ် ဆက်/ဖလှယ်အသုံးပြုရေးအတွက်Standard Format    စံသတ်မှတ်ချက်များ (Standardization) ) ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ဆိုက်ဘာလုံခြုံရေး သတိမြှင့်တင် ပညာပေးဆောင် ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားပြီး အစည်း အဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။  

MOC(IR)