Main menu

Background

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တဲဟုန်ပြည်နယ်ခွဲတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

Mon, 07/31/2023 - 11:19 -- journal_editor

မြန်မာနိုင်ငံနှင့်    တရုတ်နိုင်ငံ တဲဟုန်ပြည်နယ်ခွဲတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ   ညှိနှိုင်းအစည်း အဝေးကို ကုန်သွယ်ရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်  ဦးမြင့်သူရနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ   ယူနန်ပြည်နယ် တဲဟုန်ပြည်နယ်ခွဲ  ပြည်သူ့အစိုးရ အုပ်ချုပ်ရေးမှူး   မြ. ျွှနင ွညေါ တို့ ဦးဆောင် ၍ ဇူလိုင် ၂၇ ရက်  နံနက် ၁၀ နာရီတွင်   ရုံးအမှတ်(၃) စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး   ဝန်ကြီးဌာန    နေပြည်တော်၌ ကျင်းပခဲ့သည်။
အစည်းအဝေးကို မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ တဲဟုန်ပြည်နယ်ခွဲတို့ အကြား နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စရပ် များအား  ပိုမိုမြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
အစည်းအဝေးသို့  မြန်မာနိုင်ငံ ဘက်မှ    ကုန်သွယ်ရေးဦးစီးဌာန  ညွှန် ကြားရေးမှူးချုပ် ဦးမြင့်သူရ ဦးဆောင် ၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ် သော ဦးသိန်းထွန်းဦး၊  ဦးဝင်းလွင်နှင့်  သက်ဆိုင်ရာ    ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်တာဝန်ခံများ တက်ရောက် ကြပြီး တရုတ်နိုင်ငံဘက်မှ ယူနန်ပြည် နယ် တဲဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရ အုပ်ချုပ်ရေးမှူး Mr. Wei Gang ဦးဆောင် ၍   ကိုယ်စားလှယ်  ခုနစ်ဦးတို့ တက် ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင်     နှစ်နိုင်ငံ ကြား နယ်စပ်ဂိတ်များ တိုးမြှင့်ဖွင့်လှစ် နိုင်ရေးကိစ္စ၊ မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ် များ၊ ကုန်စည်စီးဆင်းမှု လျင်မြန်ချော မွေ့စေရေးကိစ္စများ၊ ဘဏ္ဍာရေးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊ လယ် ယာစိုက်ပျိုးရေးဆိုင်ရာကဏ္ဍများတွင်  နှစ်နိုင်ငံ  ပိုမိုပူးပေါင်းဆောင်ရွက်ရေး ကိစ္စနှင့် နှစ်နိုင်ငံကြား ပို့ကုန်တိုးမြှင့်နိုင် ရေးကိစ္စများကို    ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင်   အောင်မြင်စွာ   ရုပ်သိမ်းခဲ့ ကြောင်း  သိရသည်။

MOC(IR)